1001 - 1005

224 21 0
                                    


Super God Gene (1001)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၀၁)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ မျောက်ဝံပြာဘုရင်နောက်ကို လိုက်ခဲ့ပေမဲ့ ဒီတကြိမ်မှာလဲ သူ့ကို မမီခဲ့ဘူး။ အဲ့ဒါကြောင့် မျောက်ဝံကို ကျိန်ဆဲလိုက်တယ်။ မကြာခင်မှာပဲ မျောက်ဝံဟာ မြင်ကွင်းထဲကနေ လုံးဝ ပျောက်ကွယ်သွားပါတယ်။

မျောက်ဝံပြာဘုရင် ထွက်သွားပေမဲ့ ကျန်မျောက်တွေက သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတုန်းမို့ ဟန်ဆန်းဟာ သူတို့ရဲ့ သတ္တမအာရုံကို ပိတ်ပြီး သူတို့အနီးမှာပဲ ပုန်းအောင်းနေလိုက်တယ်။

အမြင်အာရုံပြန်ရသွားတဲ့အခါ မျောက်ဝံတွေဟာ ဟန်ဆန်းကို ဝိုင်းတိုက်ဖို့ လှည့်ပတ်ရှာဖွေခဲ့ကြပေမဲ့ ရှာလို့ မတွေ့တာကြောင့် လက်လျှော့ပြီး အဝေးကို ထွက်သွားခဲ့ကြတယ်။

" ငါ မင်းကို အခု လိုက်ရှာမယ် "

ဟန်ဆန်းက မျောက်ဝံတွေ အိမ်ပြန်ကြမယ်လို့ ယုံကြည်ပြီး သူတို့နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
-------- --------- -------- ------- --------
ဆယ်မိုင်လောက်လျှောက်ပြီးနောက် တောင်ထိပ်ကို ကုတ်ကတ်တက်နေတဲ့ မျောက်ဝံတွေနဲ့အတူ လှုပ်ရှားသက်ဝင်နေတဲ့ ဧရာမတောင်ကြီးတတောင်ကို တွေ့လိုက်ရတယ်။

ကြီးကျယ်ခမ်းနားတဲ့ ဧရာမတောင်ကြီးက ဟန်ဆန်းကို မှင်တက်မိစေခဲ့တယ်။ တောင်ထိပ်ဟာ တိမ်စိုင်တွေပေါ်မှာ တည်ရှိတယ်လို့ ထင်မှတ်ရပြီး မယုံနိုင်လောက်အောင်လှပတဲ့ ဧရာမရေတံခွန်ကြီးတခုလဲ ရှိနေပါတယ်။

“ အင်း... ဒီနေရာက မျောက်ဝံပြာဘုရင်ရဲ့ အိမ်ပဲ ဖြစ်ရမယ် ''

ဟန်ဆန်းက သူ့ကိုယ်သူ ပြောလိုက်တယ်။

“ အခု မင်းဘယ်မှာ နေတယ်ဆိုတာ ငါသိပြီ၊ မင်းက မျက်နှာပြပြပြီး ငါ့လူတွေကို နှောင့်ယှက်သလို ငါကလဲ မင်းကို ပြန်နှောင့်ယှက်မယ်၊ မင်းရဲ့ကလေးတွေ၊ မြေးတွေကို ငါသတ်မယ်၊ အဲ့အခါ ဘယ်သူရယ်နိုင်မလဲ၊ ငါကြည့်မယ် ”

ဟန်ဆန်းဟာ တောင်ပေါ်ကို တက်လာခဲ့တယ်။ သူ့ရဲ့ အာရုံခံနိုင်စွမ်းတွေက တိုးတက်လာတာမှန်ပေမဲ့ တောင်ကြီးက ဘယ်ရွေ့ဘယ်မျှ ကြီးမားတယ် ဆိုတာကိုတော့ သူ အာရုံမခံနိုင်ခဲ့ဘူး။ သူ မော့ကြည့်လိုက်တယ်။ တောင်ထိပ်ကို မမြင်ရဘူး။ အဲ့ဒါကြောင့် အကြည့်ကို ရေတံခွန်ဆီ လွှဲလိုက်တယ်။ ရေတွေက ငွေရောင်အဆင်းနဲ့ တဝေါဝေါ တဝုန်းဝုန်း စီးဆင်းနေတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now