1486 - 1490

188 20 0
                                    

Super God Gene (1486)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၄၈၆)
-------- --------- -------- ------- -------
'' မင်းခေါင်းမာလို့ ဒီလိုလုပ်လိုက်ရတာ၊ မင်းကိုယ်မင်းပဲ အပြစ်တင်တော့ ''

အယ်လီမွန်းဟာ သူမရဲ့နာကျင်အားနည်းနေတဲ့ အခြေအနေကို သည်းခံရင်း ပြောလိုက်တယ်။ ပြီးနောက် ထီးရွက်ကို ကြည့်လိုက်တယ်။

ထီးရွက်ပေါ်မှာ ဟန်ဆန်းပုံကို မြင်ချင်တယ်။ ဒါပေမဲ့ မတွေ့တဲ့အခါ ရင်ထိတ်သွားပါတယ်။

အယ်လီမွန်းဟာ မှင်တက်မိနေတယ်။ သူမဟာ မျက်လုံးတွေကို ပွတ်ပြီး ပြန်ကြည့်လိုက်တယ်။ တကယ်ကို ဘာမှ မရှိပါဘူး။ ထီးရွက်ဟာ ပြောင်ဖြစ်နေပြီး သူ့အပေါ်မှာ အရိုးတချောင်းရဲ့ရုပ်ပုံတောင် မရှိပါဘူး။

ပရိသတ်ဟာလဲ ထူးဆန်းတယ်လို့တွေးလျက် အယ်လီစီယမ်ထီးရွက်ရဲ့မျက်နှာပြင်ကို ကြည့်နေကြတယ်။ ထီးရွက်ပေါ်မှာ ဘာပုံပေါ်ရမယ်ဆိုတာ သူတို့သိတယ်။ အခု ပေါ်မလာလို့ စိတ်ရှုပ်ထွေးနေကြပါတယ်။

ရုတ်တရက် ထီးရွက်ပေါ်မှာ အနီကွက်တကွက်ပေါ်လာတယ်။ အနီကွက်ဟာ တဖြည်းဖြည်း ပြန့်ကားလာပြီး ပန်းတပွင့်နဲ့ တူလာတယ်။ အဲဒီနောက် အနီရောင်ဟာ အလျင်အမြန်ပျံ့နှံ့သွားပြီး ထီးတလက်လုံးနီသွားတယ်။ နောက်ဆုံး ထီးလက်ကိုင်တောင် နီသွားပါတယ်။

အယ်လီမွန်းဟာ ဘာဖြစ်နေတယ်ဆိုတာ မသိတော့ပါဘူး။ အနီရောင်ဟာ သူမကိုင်ထားတဲ့ လက်ကိုင်အထိကို ပျံ့နှံ့လာပါတယ်။ သူမဟာ ဘာလဲဆိုတာ သဲလွန်စရှာမရသလို အနီရောင်ပြောင်းနေတာကိုလဲ မရပ်တန့်နိုင်ပါဘူး။ နောက်ဆုံး ထီးနဲ့ အဆက်အသွယ်ပြတ်သွားတာကြောင့် ထီးကို လွှတ်ချလိုက်ပါတယ်။

ထီးဟာ မြေကြီးနဲ့ မထိခင် အနီရောင်ပြောင်းသွားခဲ့တယ်။

'' ဝေါ့ ''

အယ်လီမွန်းဟာ ေ သွးတလုတ်အန်လိုက်ရတယ်။ ပြီးနောက် အနီရောင်လုံးလုံးပြောင်းသွားတဲ့ထီးကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့မိတယ်။

ထီးဟာ သူမနဲ့ လုံးလုံး အဆင်အသွယ်ပြတ်တောက်သွားခဲ့တယ်။ အဲဒါက သူမကို ထိခိုက်ပျက်စီးစေခဲ့တယ်။ သူမဟာ နဂိုကတည်းက အယ်လီစီယမ်နတ်ဘုရားခန္ဓာကို ဆင့်ခေါ်အသုံးပြုခဲ့တာကြောင့် ပြင်းပြင်းထန်ထန် ထိခို က်ဒဏ်ရာရထားပါတယ်။ အခုတော့ သူမဟာ မတ်တတ်တောင် ရပ်လို့ မရတော့ပါဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now