1531 - 1535

150 17 0
                                    

Super God Gene (1531)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၃၁)
-------- --------- -------- ------- ------
" နတ်ဘုရားရဲ့အပြစ်သားက ဒီရောက်နေတာလား ''

ဟန်ဆန်းဟာ လမ်းခြောက်လမ်းနဲ့တို က်ခို က်နေတဲ့လူကို ကြည့်ပြီး အံ့အားသင့်သွားတယ်။ 

နတ်ဘုရားရဲ့အပြစ်သားဟာ လက်န က်ကို အသုံးမပြုခဲ့ဘူး။ သူက သူ့ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုခဲ့တယ်။ ဒါပေမဲ့ သူလဲ အဆင်ပြေနေတဲ့ပုံမဟုတ်ဘူး။ သူ့ခန္ဓာကိုယ်ဟာ စတုတ္ထအဆင့်ခြူ ရာတို က်ခိုက်ရေးသမားဖြစ်တဲ့ ရှာဖီရဲ့ခန္ဓာကိုယ်ထက် သန်မာပါတယ်။

'' မင်းက အရူးပဲ၊ ငါက မင်းကို မကျေမနပ်ဖြစ်နေတာ မဟုတ်ဘူး၊ ငါ့ကို တို က်ခို က်ဖို့ ဘာဖြစ်လို့ အတင်းအကျပ် ဖိအားပေးတာလဲ "

နတ်ဘုရားရဲ့အပြစ်သားက တို က်ခို က်နေရင်း ပြောလိုက်တယ်။

" ခင်ဗျားက ပြိုင်ဘက်ကောင်းတယောက်ပဲ၊ ခင်ဗျားက ကျနော်နဲ့ တို က်ခို က်ဖို့ သင့်တော်တယ်၊ အဲတော့ ခင်ဗျား ဘာတခုမှ လျှိုမထားနဲ့၊ အကုန်ထုတ်သုံး ''

လမ်းခြောက်လမ်းက နတ်ဘုရားရဲ့အပြစ်သားကို ဓ ားနဲ့ခု တ်ရင်း ပြောလိုက်တယ်။ 

နတ်ဘုရားရဲ့အပြစ်သားဟာ အတော်လေးစိတ်ပျက်နေပုံရတယ်။

'' မင်းရူးနေပြီလား၊ နောက်ထပ်အကျော်အမော်တွေအများကြီးရှိသေးတယ်၊ မင်း ဒီလောက်တောင် တို က်ခို က်ချင်နေရင် သူတို့ထဲက တယောက်ယောက်နဲ့ သွားတိုက်၊ ငါ့မှာ ဒီအတွက် အချိန်မရှိဘူး ''.

နတ်ဘုရားရဲ့အပြစ်သားဟာ ထွက်သွားချင်ပေမဲ့ လမ်းခြောက်လမ်းရဲ့ဓ ားသိုင်းက အကွက်စေ့လွန်းလို့ သွားချင်တိုင်း သွားလို့ မရခဲ့ဘူး။

" ဒီလိုအစွမ်းထက်တဲ့ ပြိုင်ဘက်တွေက ဘာဖြစ်လို့ နတ်ဘုရားရဲ့အကြွင်းအကျန်နယ်မြေမှာ ရှိနေကြတာလဲ၊ သူတို့နှစ်ယောက်စလုံးက စူပါအဆင့်တွေဖြစ်ရမယ်၊ ဒါဆိုရင် သူတို့တွေက ဘယ်လိုဝင်လာကြတာလဲ "

ရေနတ်သမီးဟာ လမ်းခြောက်လမ်းနဲ့ နတ်ဘုရားရဲ့အပြစ်သားတို့ တိုက်ခို က်နေတာကို ကြည့်ပြီး ထိတ်လန့်သွားတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now