1196 - 1200

190 21 0
                                    


Super God Gene (1196)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၉၆)
-------- --------- -------- ------- -------
ပွဲချိန်ကြာလေလေ၊ ဟန်ဆန်းရဲ့ တိုက်ခိုက်မှုတွေက ပိုလို့ ပြင်းထန်လာလေလေပါပဲ။

ဒါပေမဲ့ သူ့ပြိုင်ဘက်ကလဲ ပစ်တိုင်းထောင်ရုပ်လိုပဲ၊ သူဘယ်လောက်ထိုးထိုး မလဲခဲ့ဘူး။ သူဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက် မမှုခဲ့ဘူး။ သူခန့်မှန်းသမျှဟာလဲ ဘာတခုမှ ဖြစ်မလာခဲ့ဘူး။ သူ့ပြိုင်ဘက်ကို အနိုင်ယူဖို့ ဘာနည်းလမ်းမှ ရှာမတွေ့သေးပါဘူး။ ဟန်ဆန်းဟာ ယှဉ်ပြိုင်ရင်း တဖြည်းဖြည်း ထိတ်လန့်လာမိပါတယ်။

ဟန်ဆန်းလိုပဲ ယွမ်ကျူ းဖုန်လဲ အံံ့အားသင့်နေပါတယ်။ ၁နာရီကြာသွားခဲ့ပေမဲ့ ဟန်ဆန်းဟာ အမှားတခုတောင် မလုပ်မိသေးဘူး။

ယွမ်ကျူ းဖုန်ဟာ ပြိုင်ဘက်နဲ့အဆင့်တူအောင် သူ့အဆင့်ကို သာလွန်သူအဖြစ် နှိမ့်ချထားခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ထိ အမှားတခုတလေတောင် ရှာမတွေ့တာကြောင့် စတင်စိုးရိမ်လာပါတယ်။

ယွမ်ကျူ းဖုန်ဟာ သန်မာပေမဲ့ လူသားတယောက်ပါ။ အကြွင်းမဲ့အာရုံစိုက်ဖို့လိုတဲ့ ဒီလိုပြိုင်ပွဲမျိုးမှာ သူ့ပြိုင်ဘက်နေရာမှာ သူဆိုရင် အခုအချိန်ဆို အမှားတခုလောက်တော့ လုပ်မိပြီးပါပြီ။

ပြိုင်ဘက်အမှားလုပ်မှာကို စောင့်နေတုန်း သူ့ပြိုင်ဘက်ကလဲ သူ့လိုပဲ သူအမှားလုပ်မှာကို စောင့်နေလားလို့ ယွမ်ကျူ းဖုန် သံသယဝင်လာမိတယ်။ ဟုတ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဘယ်သူအရင်အမှားလုပ်မလဲဆိုတာကို စောင့်နေခဲ့ကြပါတယ်။   

ယွမ်ကျူ းဖုန်ဟာ အခု ဟန်ဆန်းကို အငယ်တယောက်လို မဆက်ဆံတော့ဘဲ အတတ်နိုင်ဆုံး အလေးအနက် တိုက်ခိုက်ပြီး အစစ်အမှန်စိန်ခေါ်သူအဖြစ် မှတ်ယူခဲ့ပါတယ်။
-------- --------- -------- ------- --------
ဖန်မင်ကွမ်ဟာ ပြိုင်ပွဲကို ကြည့်ရင်း အံ့ဩမှင်တက်နေမိတယ်။ အစက သူဟာ သာမန်ပြိုင်ပွဲတပွဲပဲလို့ သာမန်ကာလျှံကာ ယူဆခဲ့တယ်။ ဒါပေမဲ့ ခေတ္တခဏကြည့်အပြီးမှာတော့ နှစ်ပေါင်းများစွာကြာမှ တကြိမ်ကြည့်ရမဲ့ ကြုံတောင့်ကြုံခဲပြိုင်ပွဲတပွဲဖြစ်နေပါတယ်။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now