1116 - 1120

211 21 0
                                    


Super God Gene (1116)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၁၆)
-------- --------- -------- ------- --------
ဟန်ဆန်းမေးလိုက်တဲ့ ပုံစံက သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိနေတဲ့ ပုံပေါ်တယ်။

လီရှင်းဟွာဟာ စိန့်ခန်းမမှာ ကျော်ကြားသူဖြစ်တာကြောင့် ဟန်ဆန်းကို အရှက်ကွဲစေမဲ့ အကြောင်းအရာကို အကြံပြုလိုက်လို့ ဟန်ဆန်းရှုံးသွားရင် သူ့စနက်မကင်းလို့ အများက ထင်သွားကြလိမ့်မယ်။ လီရှင်းဟွာလို လူတယောက်က သူ့တပည့်ဆိုပြီး မျက်နှာသာပေးမှာ မဟုတ်ပါဘူး။ သူဟာ တရားမျှတတဲ့ အကြောင်းအရာကိုပဲ ဘက်မလိုက်ဘဲ ရွေးချယ်မှာ သေချာပါတယ်။

လီရှင်းဟွာက အကြောင်းအရာတခုကို ရွေးချယ်အကြံပြုပေးရဲ့သားနဲ့၊ ဝမ်လင်းတို့က မနိုင်ဘဲ ဟန်ဆန်းက နိုင်သွါးခဲ့ရင် ဝမ်လင်းတို့ဟာ ညံ့ဖျင်းတယ်လို့ ဆိုလိုရာရောက်လိမ့်မယ်။ ဒါပေမဲ့ သူတို့ဆရာလီရှင်းဟွာကိုတော့ ညံ့ဖျင်းတယ်လို့ မဆိုလိုနိုင်ပါဘူး။

ပရော်ဖက်ဆာလီနဲ့ ဟန်ဆန်းကြားမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးမရှိပါဘူး။ ပရော်ဖက်ဆာ လီက ဝမ်လင်းအတွက်နဲ့ သူ့ကိုယ်သူ ရန်သူအဖြစ်ခံမှာ မဟုတ်ပါဘူး။ အဲ့ဒါက သေချာပါတယ်။

ဟန်ဆန်းကလဲ အဲ့ဒီလိုမျိုး တွေးမိတာကြောင့် လီရှင်းဟွာကို ဝမ်းသာအားရ အကြံဉာဏ်ပေးခဲ့တာပါ။ ဒါပေမဲ့ အမြင်မကျယ်တဲ့ ဝမ်လင်းကတော့ ဟန်ဆန်းကို လူနုံ့လူအလို့ ထင်သွားပါတယ်။

" ဆရာ... ကျနော်တို့ကို တခုခုရွေးပေး၊ ကျနော်တို့ကြောင့် ဆရာ့မျက်နှာမပျက်စေရဘူး ''

ဒေါသထွက်နေတဲ့ လူက ပြောလိုက်ပါတယ်။

ဝမ်လင်းက ကြားဖြတ်ပြီး အမြန်ဝင်ပြောလိုက်တယ်။

“ ဆရာ... သူရှုံးရင် ကျနော်တို့သိထားပြီးသားအကြောင်းအရာကို ဆရာက ရွေးပေးလို့ သူရှုံးတယ်လို့ ပြောလိမ့်မယ် ”

ဝမ်လင်းက အမှန်တကယ် ဖြစ်ပျက်နေတဲ့ဟာကို သတိမူမိပုံမပေါ်သေးပါဘူး။

လီရှင်းဟွာက ပြုံးပြီး ရိုးရိုးရှင်းရှင်း ပြောလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now