1101 - 1105

201 21 0
                                    

Super God Gene (1101)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၀၁)
-------- --------- -------- ------- --------
ဟန်ဆန်း တိုက်ခိုက်တာကို  အရင်က မမြင်ဖူးတဲ့ သူတွေဟာ တုန်လှုပ်သွားကြတယ်။ ဒင်္ဂါးပြားမိုးက ပရိသတ်တွေကို ရူးခါသွားစေတယ်။

စူးရှကွေးရိုဟာ ဒင်္ဂါးပြားတွေကျလာတာကို မြင်တဲ့အခါ အရမ်းစိတ်လှုပ်ရှားသွားတယ်။ သူဟာ အရင်က ဒင်္ဂါးပြားတွေရဲ့ စွမ်းအားကို မျက်မြင်တွေ့ဖူးထားပေမဲ့လဲ စိုးရိမ်နေတုန်းပါပဲ။ ဒင်္ဂါးပြားတွေဟာ အစွမ်းထက်ဝိညာဉ်တွေနဲ့ တွေ့တဲ့အခါ ထိရောက်မလား၊ မထိရောက်ဘူးလား၊ ဆိုတာကို သူ သေချာမသိပါဘူး။
-------- --------- -------- ------- --------
ဖေးယုက ဟန်ဆန်းစကားမပြောတာကို သတိပြုမိလို့ လေးကို ချက်ချင်းဆွဲတင်လိုက်တယ်။ လေးကို အဖြူရောင်အလင်းတန်းတခုက ဖုံးလွှမ်းသွားတယ်။

'' ဝှစ် ''

မရေမတွက်နိုင်တဲ့ မြားဖြူ တွေဟာ ဒင်္ဂါးပြားတခုစီကို ပစ်မှတ်ထားပြီး အထက်ကို တက်သွားပါတယ်။ ဒင်္ဂါးပြားနဲ့ မြားဖြူ တို့ထိတဲ့ အသံဗလံတွေဟာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတယ်။

လူသားအားလုံးဟာ ဖေးယုရဲ့ ထိရောက်မြန်ဆန်တဲ့ တုံ့ပြန်မှုကို မမျှော်လင့်ခဲ့လို့ တုန်လှုပ်သွားကြတယ်။ သူတို့ဟာ ဒေါ်လာမရှုံးဖို့ မျှော်လင့်ရင်း ရင်တခုန်ခုန်နဲ့ ဆက်ကြည့်နေကြပါတယ်။
-------- --------- -------- ------- --------
" မဟာဘုရင်က ဘာလုပ်တာလဲ၊ အဲဒီဒင်္ဂါးပြားတွေက အမှိုက်တွေပဲ ”

" သူက ဖေးယုကို ထိထိရောက်ရောက် မတိုက်ခိုက်နိုင်ဘူးပေါ့ "

" သူ့သိုင်းက အသုံးမကျဘူး "

'' … ''

'' … ''

'' … ''
-------- --------- -------- ------- --------
ဒင်္ဂါးပြားတွေက အရမ်းကောင်းတယ်လို့ ဝိညာဉ်တွေက မထင်ခဲ့ဘူး။ သူတို့က ဒင်္ဂါးပြားတွေကို အထင်မကြီးကြဘူး။ ဒင်္ဂါးပြားတွေဟာ ရန်သူနဲ့ တိုက်ခိုက်ရာမှာ ထိရောက်မှုမရှိလို့ သူတို့ယုံကြည်ကြတယ်။

ဖေးယုဟာ ဒင်္ဂါးပြားအားလုံးကို ပစ်ချချင်နေပုံပေါ်တယ်။ ဒါပေမဲ့ ထူးဆန်းတာက ဒင်္ဂါးပြားတွေနဲ့အတူ မြားတွေ ပြုတ်ကျလာပါတယ်။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now