1701 - 1705

41 5 0
                                    

Super God Gene (1701)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၇၀၁)
-------- --------- -------- ------- ------
ညလူဟာ အရာရှိကို ဝမ်းနည်းစွာ ကြည့်လိုက်တယ်။ ဒါပေမဲ့ သူဟာ တလက်မတောင် မရွှေ့ခဲ့ပါဘူ။

'' ကျနော့်ကို ဘယ်တော့မှ နောက်မဆုတ်ဖို့ သင်ပေးခဲ့တာ ဆရာပါ၊ ကိုယ့်အလုပ်ကို ဘယ်တော့မှ သစ္စာမဖောက်ဖို့ သင်ပေးခဲ့တာလဲ ဆရာပါ၊ ကျနော် ဆရာသင်ပေးတာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး "

အရာရှိက ဝေးလံတဲ့အရပ်ကို ခဏတဖြုတ် လှမ်းကြည့်လိုက်တယ်။ ပြီးမှ ညလူဘက်ကို ပြန်လှည့်ပြီး ပြောလိုက်တယ်။  

" မင်းဘက်က အဲဒီလိုဆိုတော့လဲ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့ ''

အဲဒီနောက် အရာရှိက ဓားဖြူကို ဝှေ့ယမ်းလိုက်တယ်။ ပြီးနောက် ညလူကို လှမ်းထိုးလိုက်တယ်။ ညလူဟာ နာနာကျင်ကျင် ညည်းညူလိုက်တယ်။ ဓားဖြူက နံရိုးထိအောင် ထိုးဖော-က်သွားတယ်။ ပြန်နု-တ်လိုက်တော့ နံရိုးပေါ်သွားပါတယ်။

" ဒါဟာ ပထမဆုံးနဲ့ နောက်ဆုံး သတိပေးချက်ပဲ၊ မင်း အမြင်မှန်ရမယ်လို့ ငါမျှော်လင့်တယ် '' 

အရာရှိက တလုံးချင်း ပြောလိုက်တယ်။ 

ညလူက ဓားဖြူကို ကြည့်ပြီး ပြောလိုက်တယ်။  

" အနောက်ပိုင်းဘုရင်ရဲ့ဓားနဲ့ တောင်ပိုင်းဘုရင်ရဲ့အတောင်ပံတွေက အင်အားကြီးတယ်လို့ ပြောကြတယ်၊ သူတို့က ဒဏ္ဍာရီပုံပြင်တွေ ဖြစ်နေတာ အံ့ဩစရာမဟုတ်ပါဘူး "

" ဒါတောင် ငါက စွမ်းအားရဲ့ ၁၀% ပဲ သုံးခဲ့တယ် "

အရာရှိက ပြန်ပြောခဲ့တယ်။

ညလူက ရင်ဘတ်က ဒဏ်ရာကို ငုံ့ကြည့်ပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်တယ်။

" နောက်တခါ ထပ်ထိုးလဲ ကျနော် မရှောင်ပါဘူး၊ ကျေးဇူးပြုပြီ ကျနော့်ခန္ဓာကိုယ်ကို ဒီနေရာမှာ ထားခဲ့ပါ၊ တာဝန်မကျေတဲ့ စ-စ်သားတယောက်ဟာ အိမ်ကို မပြန်သင့်ဘူး ''

" မင်း ဘာဖြစ်လို့ ဒီလောက် ခေါင်းမာနေတာလဲ "

အရာရှိက နည်းနည်းဒေါသထွက်လာတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now