1676 - 1680

97 11 0
                                    

Super God Gene (1676)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၆၇၆)
-------- --------- -------- ------- ------
အကြီးအကဲဟာ မျိုးရိုးဗီဇအဆီအနှစ်ဆုံးရှုံးသွားပြီး အတွင်းဒဏ်ရာလဲ ဆိုးဆိုးရွားရွား ရရှိသွားခဲ့တယ်။ ပြီးတော့ အန်လိုက်တဲ့သွေးတွေကလဲ ရှေးဟောင်းမိစ္ဆာဧကရာဇ်ဆီ တဖြည်းဖြည်း မျောသွားပြီး အနက်ရောင်မီးခိုးတွေဖြစ်သွားပါတယ်။ အားလုံးဟာ တုန်လှုပ်ချောက်ချားသွားပြီး ဘာဖြစ်နေတယ်ဆိုတာ သိရှိသွားကြတယ်။ အရိပ်ရဲတိုက်က သားရဲတွေနဲ့ဝိညာဉ်တွေကတော့ သူတို့လိုမဖြစ်ကြပါဘူး။

" ရှေးဟောင်းမိစ္ဆာဧကရာဇ်... ခင်ဗျားဘာလုပ်တာလဲ... ''

ထွတ်မြတ်သွေးရဲတိုက်သခင်က သူ့ခန္ဓာကိုယ် မီးခိုးငွေ့တွေအဖြစ် ပြောင်းလဲနေတာကို သတိပြုမိပြီး အထိတ်တလန့် မေးလိုက်ပါတယ်။ ဒါပေမဲ့ အဖြေမရခဲ့ဘူး။

ရှေးဟောင်းမိစ္ဆာဧကရာဇ်ဟာ သားရေပုရပိုက်ထဲက စာသားတွေကိုပဲ တတွတ်တွတ်နဲ့ ဆက်ရွတ်နေပါတယ်။

ယင်အကြီးအကဲနဲ့ ဦးချို သားရဲအကြီးအကဲတို့လဲ ထိတ်လန့်သွားကြတယ်။

ဦးချိုသားရဲအကြီးအကဲဟာ ဟန်မေ့အာပစ်လိုက်တဲ့ မြားကို ဖမ်းပြီး ချိုးလိုက်တယ်။ ဒါပေမဲ့ မြားချိုးပြီးနောက် လဲကျသွားပြီး ရှေးဟောင်းမိစ္ဆာဧကရာဇ်ဆီကို မျောပါသွားပြီး မီးခိုးမျှင်တန်းတခုဖြစ်သွားပါတယ်။

ကူချင်းချိန်ဟာ ယင်အကြီးအကဲကို တို-က်ခို-က်ဖို့အခွင့်အရေးတခုရခဲ့ပေမဲ့ မတို-က်ခို-က်ဘဲ လွှတ်ပေးခဲ့တယ်။ ယင်အကြီးအကဲဟာ ကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။ သူမဟာ သူ့နောက်ကို လိုက်မသွားဘဲ ကောင်းကင်ကို မော့ကြည့်ခဲ့တယ်။ ရှေးဟောင်းမိစ္ဆာဧကရာဇ်ကို ကောင်းကင်ပေါ်မှာ မကောင်းဆိုးဝါးတကောင်ပမာ တွေ့လိုက်ရပါတယ်။

နှစ်ဖက်တို-က်ပွဲဟာ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ အရိပ်ရဲတိုက်ကို တို-က်ခို-က်ဖို့ ရောက်လာကြတဲ့ သားရဲတွေနဲ့ ဝိညာဉ်တွေဟာ ထွက်ပြေးဖို့ ကြိုးစားနေကြတယ်။ ဒါပေမဲ့လဲ သူတို့ဟာ ကြောက်စရာဆွဲငင်အားကို မတွန်းလှန်နိုင်ဘဲ မီးခိုးမျှင်တန်းတွေအဖြစ် ပြောင်းလဲသွားကြတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now