1211 - 1215

191 20 0
                                    


Super God Gene (1211)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၁၁)
-------- --------- -------- ------- -------
ဟန်ဆန်းနဲ့ ပေ့အာတို့ဟာ နှင်းဘောလုံးလေး သူတို့ဆီ ချဉ်းကပ်လာတာကို မြင်ပါတယ်။ ဒါပေမဲ့ သူတို့တခုခုမတုံ့ပြန်နိုင်ခင်မှာ မြွေနက်ကြီးလဲ သူတို့အနီးကို ရောက်ရှိလာပါတယ်။

မြွေနက်ကြီးမှာ ကြောက်စရာသွားကြီးတွေရှိတဲ့ ဧရာမပါးစပ်ကြီးရှိတယ်။ သူမှုတ်ထူတ်လိုက်တဲ့ လေတွေဟာ လူတယောက် ဒါမှမဟုတ် သားရဲတကောင်ကို အလွယ်တကူ သတ်ပစ်နိုင်လောက်အောင်ကို အဆိပ်ပြင်းတယ်။ သူဟာ သူတို့အားလုံးကို တလုပ်တည်းနဲ့ မျိုချပစ်မဲ့ပုံစံနဲ့ ပါးပျဉ်းကြီးနဲ့မိုးကာ လှမ်းဟပ်လိုက်ပါတယ်။  

ဒါပေမဲ့ ဟန်ဆန်းရဲ့တုံ့ပြန်မှုက အလွန်မြန်တယ်။ သူက ပေ့အာကို လက်တဖက်နဲ့ ဆွဲပြီး အဝေးကို ခုန်ထွက်သွားခဲ့တယ်။ 

'' ခွပ်... ခွပ်... ခွပ်... ''

ဟန်ဆန်းနဲ့ ပေ့အာတို့ဟာ ဥတွေပေါ်ခုန်ချမိသွားတယ်။  ပြောစရာမလိုပါဘူး။ နောက်ထပ်ဥတွေအများကြီး ထပ်ကွဲသွားပါတယ်။

မြွေနက်ကြီးဟာ ဒေါသတွေထပ်ထွက်သွားပြီး ဟန်ဆန်းနောက်ကို လိုက်ကာ ဟန်ဆန်းကို ပါးပျဉ်းတယမ်းယမ်းနဲ့ လိုက်ဟပ်နေပါတယ်။ ဟန်ဆန်းလဲ ဖီးနစ်လေသိုင်းနဲ့ ရှောင်တိမ်းနေရပါတယ်။

ဟန်ဆန်းဟာ မြွေနက်ကြီးကို အခွင့်အရေးရတိုင်း ဖီးနစ်ဓားနဲ့ တချက်နှစ်ချက်စီ ပြန်လည်ခုတ်ပိုင်းခဲ့တယ်။ ဒါပေမဲ့ သူ့အကြေးခွံတွေက အလွန်မာတယ်။ ဓားချက်တချက်စီဟာ မီးပွားတပွားထက် ပိုမပေးနိုင်ခဲ့ဘူး။

မြွေနက်ကြီးရဲ့အကြေးခွံတွေဟာ မာတယ်ဆိုပေမဲ့ ဘောလုံးဖြူ ရဲ့အသားတွေကို မမီပါဘူး။ ဓားဟာ အကြေးခွံကို ပြတ်အောင် မခုတ်နိုင်ပေမဲ့ သူ့အပေါ်မှာတော့ ခြစ်ရာတွေကို ချန်ထားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဓားချက်တွေက မြွေနက်ကြီးရဲ့ဒေါသကို ထပ်ဆွပေးသလို ဖြစ်ခဲ့ပြီး သိပ်မကြာခင်မှာ မြွေနက်ကြီးဆီကနေ ထူးဆန်းတဲ့ အလင်းတန်းတခု ထွက်ပေါ်လာပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now