1261 - 1265

188 17 0
                                    

Super God Gene (1261)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၆၁)
-------- --------- -------- ------- -------
ဟန်ဆန်းဟာ သားရဲဝိညာဉ်ရလိုက်လို့ စိတ်ရွှင်လန်းနေတယ်။ တော်ဝင်နတ်မိမယ်က သူ့ကို အမတေအပ်နှံခဲ့တယ်။

ဟန်ဆန်းဟာ အမတေကို လက်ခံပြီးနောက် တော်ဝင်နတ်မိမယ်နဲ့ သစ္စာမဲ့သူရဲကောင်းတို့ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်။

" သားရဲဝိညာဉ်ရလိုက်တယ်ဆိုတော့ မဆိုးပါဘူး '' 

ဟန်ဆန်းက ကွင်ရှန်ကို ပြောရင်း ပြုံးပြလိုက်တယ်။

ကွင်ရှန်က ဟန်ဆန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့တယ်။ သူမက မိကျောင်းကို ထွတ်မြတ်သွေးသားရဲလို့ ထင်မှတ်ထားခဲ့တယ်။ ဒါပေမဲ့ အမတေကို မြင်ရလိုက်တဲ့အခါတော့ သူမအထင်မှားသွားကြောင်း သိလိုက်ရတယ်။ ဟန်ဆန်းဟာ စူပါသားရဲတကောင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့တယ်။ အဲဒါဟာ မယုံနိုင်စရာကောင်းလွန်းပါတယ်။

လူသားတွေဟာ စူပါမျိုးရိုးဗီဇအမှတ်တွေကို စုဆောင်းနိုင်နေပြီဆိုပေမဲ့ အမှတ်တွေရဖို့အတွက် ဒုတိယနတ်ဘုရားကမ္ဘာမှာတောင် ခက်ခက်ခဲခဲ စုဆောင်းနေရတုန်းပါ။ စူပါသားရဲတွေကို အမဲလိုက်ရာမှာလဲ လိုအပ်ချက်တွေက ရှိနေတုန်းပါ။

တတိယနတ်ဘုရားကမ္ဘာမှာ စူပါသားရဲတကောင်ကို ဘယ်သူက သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းမျိုးလဲ သူမဟာ မကြားမိသေးပါ။

အခု ဟန်ဆန်းဟာ မိကျောင်းကို တချီတည်းနဲ့ သတ်ဖြတ်နိုင်ခဲ့တယ်။ အဲဒါက သူမကို အံ့ဩစေခဲ့တယ်။ တဆက်တည်းမှာပဲ သူမ,စီးလာခဲ့တဲ့ စီးစရာယာဉ်ဟာ စူပါသားရဲဝိညာဉ်ဖြစ်လိမ့်မယ်လို့ အတွေးဝင်လာခဲ့တယ်။

နောက်ဆုံးမှာတော့ ကွင်ရှန်ဟာ အချိန်အတော်ကြာ တိတ်ဆိတ်နေရာကနေ စတင်စကားပြောလာခဲ့တယ်။

" ဧကရာဇ်ရဲတိုက်ကို ရှင်ဘယ်လိုဖြိုခဲ့တယ်ဆိုတာကို အခု ကျမခန့်မှန်းလို့ ရသွားပြီ ''

ဟန်ဆန်းက လှိုက်လှိုက်လှဲလှဲ ပြုံးပြီး တုံ့ပြန်ပြောဆိုလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now