1186 - 1190

183 18 0
                                    


Super God Gene (1186)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၈၆)
-------- --------- -------- ------- -------
ဟန်ဆန်းဟာ ကောင်းကင်သစ်ပင်ဆီကို မြန်နိုင်သလောက် မြန်မြန် ပျံသန်းသွားခဲ့တယ်။ သူဟာ ဖြစ်ပျက်နေတာတွေကို မရပ်တန့်နိုင်ပေမဲ့ အနည်းဆုံးတော့ အသက်အနည်းငယ်ကို ကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။ ပြီးတော့ စူပါသားရဲအနည်းငယ်ကို သတ်ပြီး အမတေတွေကို ရယူနိုင်လိမ့်မယ်လို့လဲ မျှော်လင့်ခဲ့မိတယ်။ 

ကောင်းကင်သစ်ပင်ဟာ ထိတ်လန့်ဖွယ်ရာနှုန်းနဲ့  ကြီးထွားနေတယ်။ မကြာခင် အနီအနက်ကြားအခေါက်တွေဟာ အက်ကွဲပြီး ကွာလာတော့တယ်။ မရေမတွက်နိုင်တဲ့ သားရဲတွေဟာ အက်ကွဲကြောင်းတွေထဲကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်။

သစ်ပင်ကြီးထွားလာတာနဲ့အမျှ သားရဲတွေဟာ မူလအရွယ်အစားကို ပြန်ရောက်လာကြတယ်။ မြင်မြင်သမျှ သားရဲတိုင်းဟာ လွတ်မြောက်ဖို့ အစွမ်းကုန် ကြိုးစားနေကြတယ်။

ဒါပေမဲ့ သူတို့ဟာ အပြင်ကို ရောက်တာနဲ့၊ ခန္ဓာကိုယ်တွေ ပြိုကွဲသွားတယ်။ နွယ်ပင်တွေလိုဖြစ်နေတဲ့ အညွှန့်အညှောင့်တွေက သူတို့ရဲ့အရေပြားအောက်က ဖောက်ထွက်လာပြီး သူတို့ရဲ့ အသားတွေကို ဆုတ်ဖြဲပစ်ကြတယ်။ လေပေါ်ပျံနိုင်တဲ့ သားရဲတွေလဲ မလွတ်ပါဘူး။ သူတို့ဟာလဲ အသားတွေ ဆုတ်ဖြဲခံရပြီး သွေးတွေနဲ့ အသားတွေဟာ မြေပေါ်ကို မိုးလိုရွာကျလာတယ်။

အဲဒီနောက် ကောင်းကင်သစ်ပင်ရဲ့ အမြစ်တွေဟာ မြေကြီးကနေ ကျွတ်ထွက်လာပြီး  ဆာလောင်နေတဲ့ မြွေတွေလို လဲကျနေတဲ့ သားရဲတွေကို ဖမ်းယူပြီး သူတို့ရဲ့ အသက်အားတွေကို ခန်းခြောက်သွားတဲ့အထိ စုပ်ယူနေပါတယ်။

ကောင်းကင်သစ်ပင်ဟာ ပင်စည်မှာ ဖြစ်ပေါ်နေတဲ့ အက်ကွဲကြောင်းတွေကို သူ့အလိုလို ကုသနေတယ်။ မကြာခင် အက်ကြောင်းတွေ ပြန်ပိတ်လာပြီး အက်ကြောင်းတွေကနေ အပြင်ကို ထွက်ဖို့ ကြိုးစားနေတဲ့ သားရဲတွေဟာ ကြိတ်ချေခံလိုက်ရတယ်။ အနီတရစ် အနက်တရစ် သစ်ပင်ဟာ အနီလုံးလုံး ဖြစ်သွားပါတယ်။ သွေးတွေရွှဲရွှဲစိုနေတဲ့ ကောင်းကင်သစ်ပင်ကြီးကို ကြည့်ရတာ တကယ့်ကို ကြောက်စရာကောင်းတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now