1276 - 1280

182 19 0
                                    

Super God Gene (1276)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၇၆)
-------- --------- -------- ------- -------
မိုးမန့်ဘုရင်မဟာ အချိန်အတန်ကြာ ရပ်တန့်နေပြီးမှ ဆက်ပြောခဲ့တယ်။

" ကျမက ဧကရီတစ်ယောက်လို့ ပြောရင် ရှင်ယုံမလား "

" တကယ်ဆိုရင်တော့ ယုံရမှာပေါ့ "

ဟန်ဆန်းဟာ ဧကရီတချို့နဲ့ ဆုံခဲ့ဖူးပြီမို့ သူတို့ကို မကြောက်ပါဘူး။ သူမဟာ ဟန်ဆန်းကို အကြိမ်ကြိမ်လှည့်စားဖို့ ကြိုးစားခဲ့ပေမဲ့ သူမရဲ့အသိပညာဗဟုသုတတွေအရတော့ သူမဟာ တချိန်တုန်းက ဧကရီတယောက်ဖြစ်ခဲ့တယ်ဆိုတာ ယုံလောက်စရာရှိပါတယ်။

ဒါ့အပြင် တချိန်က သူမဟာ သူနဲ့ချုပ်ဆိုထားတဲ့ ကတိစာချုပ်ကို ချိုးဖျက်နိုင်ခဲ့ဖူးတယ်။ တခြားဝိညာဉ်တွေ အဲဒီလိုလုပ်နိုင်တာမျိုး သူ တခါမှ မမြင်ဖူးခဲ့ပါဘူး။ လုပ်လို့ရတယ်လို့လဲ သူ တခါမှ မကြားဖူးပါဘူး။

မိုးမန့်ဘုရင်မက ဆက်ပြောခဲ့တယ်။

" ကျမက တက်လှမ်းတံခါးရဲ့ လှေကားဆယ်ထစ်ကို ရှုံးနိမ့်ခဲ့တယ်၊ အဲဒီရှုံးနိမ့်တဲ့နေ့မှာပဲ ရန်သူဆီမှာ အဖမ်းခံခဲ့ရတယ်၊ အဲဒီနောက် ဒုတိယနတ်ဘုရားကမ္ဘာကို အပို့ခံခဲ့ရတယ် ''

" ဒါဆို အရင်တုန်းက မင်းငါ့ကို ပြောခဲ့တာတွေက အမှားတွေပေါ့ "

" အမှားတွေမဟုတ်ပါဘူး၊ မှန်ပါတယ်၊ ကျမ ဧကရာဇ်ရဲ့သားကို သတ်ခဲ့တယ် "

" သူ့နာမည်က ဘာလဲ "

" နိုးဂေါ့ "

မိုးမန့်ဘုရင်မရဲ့အဖြေကို ကြားလိုက်ရတဲ့အခါ ဟန်ဆန်းဟာ တံတွေးကို မျိုချလိုက်မိပါတယ်။

ဟန်ဆန်းဟာ အဲဒီအမည်ကို  တတိယနတ်ဘုရားကမ္ဘာရဲ့ ရွေးချယ်ခံသိုင်းပြိုင်ပွဲမှာ ကြားခဲ့ဖူးတယ်။ အဲဒီတုန်းက သူဟာ အားနည်းတာကြောင့် ထိပ်ဆုံးဆယ်ယောက်ထဲ မဝင်နိုင်ခဲ့ဘူး။

နိုးဂေါ့ဟာ ယှဉ်ပြိုင်သူအားလုံးကို အနိုင်ယူပြီး နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့တယ်။ သူမပြောတဲ့အတိုင်း သူမဟာ နိုးဂေါ့ရဲ့ရန်သူဆိုရင် အတိုင်းအတာတခုအထိ သန်မာရပါမယ်။ အခုတော့ သူမဟာ သူ့ဆီမှာ အကြိမ်ကြိမ်အခါခါ ကျဆုံးခဲ့ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now