1581 - 1585

103 8 0
                                    

Super God Gene (1581)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၈၁)
-------- --------- -------- ------- ------
ဟန်ဆန်းက နောက်ပြန်လှည့်မကြည့်ဘဲ လက်ကာကို ကျောကုန်းဆီပို့လိုက်ပြီး ဥကို ဘယ်လက်နဲ့ ပုတ်လိုက်တယ်။ အသံနှစ်သံပဲ့တင်ထပ်သွားတယ်။ ရွှေစာလုံးလက်ကာပေါ်မှာ ကုတ်ရာသုံးခုပေါ်သွားပြီး လက်ကာဟာလဲ ပေါက်လုနီးပါးဖြစ်သွားခဲ့တယ်။

ဟန်ဆန်းဟာ သူမျှော်လင့်ထားသလို ရစ်ခွေနဂါးဘုရင်နဲ့နဂါးနက်တို့ကို ကွာကျအောင် မလုပ်နိုင်ခဲ့ဘူး။

အဲဒီအစား ဥဟာ ရစ်ခွေနဂါးဘုရင်၊နဂါးနက်တို့နဲ့အတူ လွှင့်ထွက်သွားတယ်။

ဥဟာ သားရဲနှစ်ကောင် နဲ့အတူ အနက်ရောင်စမ်းတွင်းထဲ ကျသွားခဲ့တယ်။ အနက်ရောင်ရေတွေ ဗြန်းခနဲ စဉ်သွားပြီးနောက် သူတို့ဟာ ရေထဲကို နစ်မြုပ်သွားပါတယ်။

ဟန်ဆန်းက ဥကို စမ်းတွင်းထဲကျအောင် ပုတ်ထုတ်လိုက်တာကို မြင်တဲ့အခါ ဖျက်ဆီးဝံပုလွေဟာ အံ့အားသင့်ပြီး ဒေါသထွက်သွားတယ်။ သူက ဟန်ဆန်းကို ကြည့်ပြီး မာန်ဖီလိုက်တယ်။ ပြီးနောက် ဟန်ဆန်းဆီကို တဟုန်ထိုး ပြေးသွားခဲ့တယ်။

ဟန်ဆန်းဟာ ရှောင်တိမ်းရင်း ဖျက်ဆီးဝံပုလွေကို ခုခံဖို့နည်းလမ်းကို စဉ်းစားနေခဲ့တယ်။ ဒါပေမဲ့ ဘာနည်းလမ်းကိုမှ စဉ်းစားလို့ မရခဲ့ဘူး။ 

" ငါ အခု မျှော်စင်ဖြူ ကို ထုတ်သုံးမှပဲ ဖြစ်တော့မယ် ''

ဟန်ဆန်းက ဒီအတိုင်းဆက်သွားရင် မကြာခင် အသ တ်ခံရလိမ့်မယ်လို့ သိနေတယ်။ သူအသ က်ရှင်သန်ဖို့ အကောင်းဆုံးအခွင့်အရေးကတော့ စွမ်းအားတွေအလွန်အကျွံမကုန်ဆုံးခင် မျှော်စင်ဖြူ ကို နံရံပေါ်ကလျှို့ဝှက်ကျင့်စဉ်နဲ့ အသုံးပြုဖို့ပါပဲ။

ဒါပေမဲ့ လျှို့ဝှက်ကျင့်စဉ်ကို ထုတ်မသုံးရသေးခင် အနက်ရောင်စမ်းတွင်းထဲကရေတွေဟာ ရုတ်တရက် အထက်ကို တက်လာခဲ့တယ်။ အဲဒီနောက် အနက်ရောင်စမ်းတွင်းထဲကနေ ကြောက်စရာကောင်းတဲ့ အသက်အားတခုထွက်ပေါ်လာပါတယ်။

ဟန်ဆန်းနဲ့ဖျက်ဆီးဝံပုလွေဟာ စမ်းတွင်းထဲက ပန်းထွက်လာတဲ့ရေတွေ မစဉ်အောင် အလျင်အမြန် ရှောင်လိုက်ရတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ အနက်ရောင်စမ်းတွင်းကို ကြည့်ပြီး ဘာဖြစ်သွားတယ်ဆိုတာကို အဖြေရှာဖို့ ကြိုးစားခဲ့ကြတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now