1371 - 1375

197 15 0
                                    

Super God Gene (1371)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၇၁)
-------- --------- -------- ------- -------
ဟန်ဆန်းက လျှို့ဝှက်ချိုင့်ဝှမ်းကို ရောက်အောင်ပြေးတာက အကောင်းဆုံးလို့ ထင်ခဲ့ပေမဲ့ မိုင်သုံးဆယ်ပြေးအပြီးမှာတော့ သူ့အသက်ကို ခြွေမဲ့အန္တရာယ်နဲ့ ကြုံလိုက်ရပါတယ်။

ဟန်ဆန်းဟာ ပြေးနေရင်း ခေါက်လဲသွားတယ်။ နန်လီထျန်းပစ်လိုက်တဲ့ လှံပျံကို မြင်လိုက်ရပါတယ်။

ဟန်ဆန်းဟာ ဘူလဝါးထီးကို အလျင်အမြန် ဆင့်ခေါ်လိုက်တယ်။ ထီးနဲ့လှံ ထိသွားတယ်။ ထီးဆီကနေ အစိတ်စိတ်အမြွှာမြွှာကွဲသွားသလို အသံမျိုးထွက်လာတယ်။ အဲဒီအသံက ကျယ်လောင်ပြီး ကြောက်စရာကောင်းတယ်။ လှံဟာလဲ ထီးနဲ့ ထိပြီး ပြန်ကန်ထွက်သွားပါတယ်။

အဲဒီပြန်ကန်အားကြောင့် ဟန်ဆန်းနဲ့ထီးဟာ အဝေးကို လွင့်ထွက်သွားပါတယ်။ အဲဒါက ဟန်ဆန်းအတွက်လိုအပ်နေတဲ့ ပြေးသူနဲ့လိုက်သူကြားအကွာအဝေးကို ပြန်ချဲပေးခဲ့ပါတယ်။ ဒါဟာ အသက်ရှင်သန်ရေးအတွက် အကောင်းဆုံးအခွင့်အရေးပါပဲ။

ဟန်ဆန်းဟာ နည်းနည်းသွေးထွက်သွားပေမဲ့ အသက်ရှူ တော့ ချောင်သွားခဲ့တယ်။ တကယ်တော့ သူဟာ ထီးကို ပျက်ရင်ပျက်ပါစေဆိုပြီး သုံးခဲ့တာပါ။ ဒါပေမဲ့ ထီးဟာ သူထင်သလို မပျက်စီးခဲ့ဘူး။ တုံရွမ်ခန္ဓာကျင့်စဉ် ဒါမှမဟုတ် အနက်ရောင်ပုံဆောင်ခဲကြောင့် ထီးဟာ ရှိသင့်တဲ့ခံနိုင်ရည်ထက် ပိုရှိခဲ့ပုံရပါတယ်။

ထီးရဲ့အထောက်အပံ့ကြောင့် ဟန်ဆန်းဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပြန်ရှိသွားတယ်။ လျှို့ဝှက်ချိုင့်ဝှမ်းဆီ အရောက်သွားဖို့အတွက်လဲ ခွန်အားတွေရရှိသွားပါတယ်။

တကယ်တော့ ဟန်ဆန်းဟာ မရှောင်နိုင်လို့ ထီးနဲ့ ပိတ်ခံလိုက်တာပါ။ လှံနဲ့ထီး ထိရာက ထွက်လာတဲ့ တွန်းကန်အားကြောင့် ဟန်ဆန်းဟာ အဝေးကို လွင့်ထွက်ပြီး ကျောက်တုံးကျောက်ဆောင်တွေထူထပ်တဲ့နေရာကို ကျသွားတယ်။ ကံဆိုးချင်တော့ ဟန်ဆန်းဟာ ကျောက်တုံးကြီးနှစ်တုံးအကြားမှာ အံဝင်ဂွင်ကျ ညပ်သွားပါတယ်။ ပြီး ကျောက်တုံးကြီးတတုံးရဲ့ ဓားလိုထက်တဲ့အစွန်းတွေက ဟန်ဆန်းရဲ့လက်တဖက်ကို ထိုးခွဲသွားပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now