1621 - 1625

106 8 0
                                    

Super God Gene (1621)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၆၂၁)
-------- --------- -------- ------- ------
ထွတ်မြတ်သွေးရဲတိုက်က သားရဲအဖွဲ့မရောက်ခင် ညဧကရီဦးဆောင်တဲ့ အဖွဲ့တဖွဲ့ ရဲတိုက်ထဲကနေ ထွက်လာတယ်။ ဝိညာဉ်တွေနဲ့သားရဲတွေကြားမှာ ကြာပန်းဧကရီကို တွေ့မြင်လိုက်ရလို့ ဟန်ဆန်းဟာ ပျော်ရွှင်သွားပါတယ်။

'' ကြာပန်းဧကရီက အရမ်းကံကောင်းတာပဲ၊ သူက နတ်သွေးနှောဝိညာဉ်ဖြစ်ပြီးတာနဲ့... သူ့အမေနဲ့ တွေ့ပြီး အတူနေခွင့်ရခဲ့တယ် '' 

ဟန်ဆန်း တွေးမိခဲ့တယ်။ 

" ရှင်တို့က ကျမတို့ ညရဲတိုက်ကို ဘာဖြစ်လို့ ပြန်လာတာလဲ "

ညဧကရီက မျက်မှောင်ကြုတ်ပြီး နတ်မိစ္ဆာနဲ့တူတဲ့သားရဲကို မေးလိုက်တယ်။

" အရင်တခေါက်ကပဲ ကျနော်တို့လာရတဲ့ အကြောင်းရင်းကို ပြောပြီးပြီလေ၊ နတ်ဘုရားရဲ့အကြွင်းအကျန်နယ်မြေကိစ္စအတွက်ပဲပေါ့၊ ခင်ဗျား ကြိုက်ဈေးတောင်းလို့ ရပါတယ်၊ ကျနော်တို့ထွတ်မြတ်သွေးရဲတိုက်က ပေးဖို့ အသင့်ပါပဲ "

" ဝမ်းနည်းပါတယ်၊ ကျမ ရှင်တို့ကို စိတ်ပျက်အောင် လုပ်မိပြီ၊ ကျမမှာ ရှင်တို့ကို ကူညီဖို့ အရည်အချင်းမရှိပါဘူး ''

ညဧကရီက မျက်နှာသေနဲ့ ပြန်ပြောလိုက်တယ်။

" ဧကရီ...  ကျေးဇူးပြု ပြီး ပြန်စဉ်းစားပေးပါအုံး၊ ကျနော်တို့ကို ကူညီရင် ခင်ဗျားတို့က ကျနော်တို့ရဲ့မိတ်ဆွေပဲ၊ အနာဂတ်မှာ ခင်ဗျားတို့ အခက်အခဲကြုံရတဲ့အခါ ကျနော်တို့ထွတ်မြတ်သွေးရဲတိုက် က ခင်ဗျားတို့ကို အစွမ်းကုန် ကူညီပေးပါ့မယ် "

နတ်မိစ္ဆာသားရဲက ပြောလိုက် တယ်။ 

" ကျမက ရှင်တို့ကို မကူညီဘူးဆိုရင်ကော ''

ညဧကရီက ပြန်ပြောလိုက်တယ်။ သူမဟာ စိတ်တိုနေပုံရတယ်။

" အဲဒီလိုဆိုရင်တော့ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် ထွတ်မြတ်သွေးရဲတိုက်ရဲ့ရန်သူဖြစ်အောင်လုပ်တာပဲ၊ အဲဒါက ကောင်းတဲ့ရွေးချယ်မှုလို့ ကျနော်မထင်ဘူး "

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now