1006 - 1010

185 19 0
                                    


Super God Gene (1006)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၀၆)
-------- --------- -------- ------- --------
အရှေ့ဘက်တောင်စောင်းတနေရာမှာ တကိုယ်လုံး မီးတွေဖုံးနေတဲ့ မွန်းစတားတကောင် ပေါ်လာတယ်။ ဟန်ဆန်းကို လမ်းပိတ်ထားခဲ့တဲ့ လူတယောက်ဟာ ရုတ်တရက် မီးလောင်ခံလိုက်ရတယ်။

ဟန်ဆန်းဟာ အဲ့ဒီလူနဲ့ မွန်းစတားကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ ဒါဟာ အကျပ်အတည်းတော့ အကျပ်အတည်းပါပဲ။ ဒါပေမဲ့ ဒီအကျပ်အတည်းဟာ သူ့တန်ဖိုးကို သက်သေပြဖို့နဲ့ သူ့အပေါ်ကျရောက်နေတဲ့ သံသယအရိပ်တွေကို ဖယ်ရှားဖို့ အခွင့်အရေးတခုပါပဲ။

ဒါပေမဲ့ ဟန်ဆန်း မလှုပ်ရှားရသေးခင်မှာ လင်ဝေဝေက သူ့ကို လှမ်းဆွဲပြီး သတိပေးလိုက်တယ်။

" သတိထား... မောင်ငယ်လေး...  "

“ ရတယ်၊ ကျနော် သူတို့ကို သွားကူလိုက်မယ် ”

ဟန်ဆန်းက ပြောလိုက်တယ်။

“ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ ကူညီတာနဲ့ အတူတူပဲ... မောင်ငယ်လေး...၊ အခုအချိန်မှာ အဲ့ဒါက အကောင်းဆုံးပဲ... ”

လင်ဝေဝေက ဟန်ဆန်းကို ပြောလိုက်တယ်။

“ အဲ့ဒီကောင်ကို ကျနော်သတ်နိုင်တယ်၊ အမလက်ကို ခဏဖယ်ပေးအုံး ''

ဟန်ဆန်းက လင်ဝေဝေကို ပြောလိုက်တယ်။

ဒါပေမဲ့ သူ မလှုပ်ရှားရသေးခင် သူမနဲ့ သူတို့အဖွဲ့က သားရဲဆီကို တဟုန်ထိုး ပြေးဝင်သွားကြတယ်။

လင်ဟီဟာ အောင်မြင်မှုအတော်အတန်ရထားတဲ့ တိုက်ခိုက်ရေးသမားတယောက်ဖြစ်ပြီး လေဓာတ်သဘာဝကို ပိုင်ဆိုင်ထားကာ မျိုးရိုးဗီဇသော့ခုနစ်ခုကိုလဲ ဖွင့်ထားပါတယ်။

သူတို့ဟာ သားရဲကို သတ်နိုင်ခဲ့ပေမဲ့ ဘယ်သူမှ မပျော်ကြပါဘူး။ အဖွဲ့ဝင်တယောက် ရုတ်တရက် သေဆုံးသွားလို့ စိတ်မကောင်းဖြစ်နေကြပါတယ်။

ဟန်ဆန်းက သူတို့နဲ့ ခဏလောက် စကားပြောပြီးနောက် သူတို့က သူ့ကို ယုံကြည်လက်ခံလိုက်ကြတယ်။
-------- --------- -------- ------- --------
" အမဝေဝေ၊ ဒီနေ့က ဘယ်နေ့လဲ၊ ကျနော် ထွက်လာတာ ကြာပြီဆိုတော့ နေ့တွေ လတွေ မသိတော့ဘူး ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now