1011 - 1015

193 19 0
                                    


Super God Gene (1011)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၁၁)
-------- --------- -------- ------- --------
လျှပ်စီးတွေဟာ လင်ဟီတို့လူစုကို တကွဲတပြား ဖြစ်စေပြီး သူတို့ရဲ့ အောင်ပွဲမျှော်လင့်ချက်ကိုလဲ ရိုက်ချိုးပစ်ခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် သူတို့ရဲ့ မျက်လုံးထောင့်မှာ အနီရောင်မီးတောက်တစ်ခု ကခုန်လာတယ်။

ဟန်ဆန်းဟာ မီးတောက်ထဲမှာ ရပ်နေတယ်။ အနီရောင်မီးလျှံတွေက သူ့ကို လွှမ်းခြုံထားတယ်။ သူက လက်တဖက်ကို မြှောက်လိုက်တယ်။ သူ့လက်ထဲကနေ မီးငှက်တွေ တကောင်ပြီးတကောင် ထွက်လာပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားကြတယ်။ ထောင်နဲ့ချီတဲ့ မီးငှက်တွေဟာ ကောင်းကင်ကို ကုလားကာတခုလို ဖုံးအုပ်လိုက်တယ်။

ပထမတော့ မီးငှက်တွေက သစ်ရွက်တွေဆီကို ပျံသန်းသွားတယ်။ မီးငှက်တွေနဲ့ သစ်ရွက်တွေ အထိမှာ မီးတွေ ထထ တောက်တယ်။ နောက် သစ်ရွက်တွေကို မီးစွဲသွားတယ်။

မီးတွေဟာ ဟန်ဆန်းရဲ့ ကို ယ်ပေါ်မှာ တဟုန်းဟုန်း တောက်လောင်နေတယ်။ ဟန်ဆန်းဟာ မီးငှက်တွေကို အဆက်မပြတ် ထုတ်ပေးနေပါတယ်။ 

သစ်ရွက်တရွက် ပြာကျသွားတိုင်း ပြာပုံထဲကနေ မီးငှက်တကောင်စီ ပျံထွက်လာတယ်။ တချိန်က လျှပ်စီးတွေရဲ့ နေရာမှာ အခု မီးတွေက နေရာယူလာတယ်။ သစ်တောဟာ တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးလင်းဖိုကြီးလို ဖြစ်လာတယ်။ အခု မီးတွေကို ထိန်းချုပ်ထားသူကတော့ မီးတောက်လူသား ဟန်ဆန်းပါပဲ။

မီးဟာ တနေရာက တနေရာကို အလျင်အမြန် ကူးစက်သွားပြီး မီးနဲ့ ထိမိသမျှဟာ ပြာတွေ ဖြစ်ကျန်ခဲ့တယ်။ အဲ့ဒီပြာတွေထဲကနေ မီးငှက်တွေ ပေါ်လာတယ်။ ဒါဟာ ရောဂါကို သယ်ဆောင်လာတဲ့ ကပ်ပါးပိုးတွေ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားသလိုပါပဲ။

မီးငှက်တွေဟာ ဘယ်တော့မှ မီးငြိမ်းမသွားဘူး။ သူတို့ဟာ တွေ့တွေ့သမျှကို မနားမနေ ဆက်လက် မီးရှို့နေတယ်။ အထူးသဖြင့် ဝံပုလွေတွေကို မီးတင်ရှို့နေတယ်။

ဝံပုလွေတွေက တအင့်အင့် ညည်းညူ ပြီး အော်ဟစ်အကူအညီတောင်းပေမဲ့လဲ သူတို့ကို ဘယ်အရာကမှ မကယ်တင်နိုင်ခဲ့ဘူး။ ဝံပုလွေတွေရဲ့ အော်ဟစ်သံတွေဟာ ငရဲမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ဝိညာဉ်တွေရဲ့ အော်ဟစ်သံတွေလိုပဲ တုန်လှုပ်ချောက်ချားဖွယ် ကောင်းတယ်။ မရေမတွက်နိုင်တဲ့ ဝံပုလွေတွေဟာ အချိန်တိုအတွင်းမှာ မီးလောင်ပြာကျပြီး သေဆုံးသွားကြတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now