1526 - 1530

157 14 0
                                    

Super God Gene (1526)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၂၆)
-------- --------- -------- ------- ------
'' ေ သွးအစစ်... ေ သွးအစစ်... ''

ဟန်ရင်ဟာ တစုံတရာကို ရုတ်တရက် တွေးမိသွားတယ်။ သူမက ကြေညာသင်ပုန်းကို ကြည့်လိုက်တယ်။ ေ သွးလှိုင်းနေရာမှာ ေ သွးအစစ်ဖြစ်သွားပြီး ေ သွးလှိုင်းဟာ ဒုတိယဖြစ်သွားတယ်။

" လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကြေးနီကြေညာသင်ပုန်းမှာ ေ သွးအစစ်က ပထမနေရာကို ရောက်ခဲ့တယ်၊ အခု ဒီမှာ ပြန်ပေါ်လာတာလား၊ မဖြစ်နိုင်ပါဘူး ''

ဟန်ရင်ရဲ့မျက်လုံးတွေဟာ မယုံနိုင်စရာတခုခုကို မြင်လိုက်ရလို့ ပြူ းကျယ်သွားပါတယ်။

ဟန်ရင်က စိန်ခေါ်တာကို လက်ခံပြီး ကွင်းထဲကို စိတ်လှုပ်ရှားစွာ ဝင်သွားခဲ့တယ်။ ကွင်းထဲမှာ ဟန်ဆန်းရပ်နေတာကို တွေ့လိုက်ရပါတယ်။

" ဟယ်... ကိုကို... ေ သွးအစစ်က ကိုကို့ဟာလား၊ ဒါဆို ကိုကို့မှာ မျိုးရိုးဗီဇအဆီအနှစ် သုံးခုရှိတာလား ''

ဟန်ရင်က သူမအကိုဟာ သန်မာတယ်လို့ အမြဲထင်ခဲ့တာပါ။ သူဟာ သူမရဲ့စံပြပုဂ္ဂိုလ်ပါ။ ပထမနေရာကို တိုက်ရိုက်ခုန်တက်ခဲ့တဲ့ မျိုးရိုးဗီဇအဆီအနှစ်နှစ်ခုကို သူပိုင်ဆိုင်ထားတယ်။ နောက်ပြီး သူ့မှာ စူပါမျိုးရိုးဗီဇအဆီအနှစ်တခုလဲ ရှိသေးတယ်။ 

" တခြားသူတွေက ပုံဆောင်ခဲဥနဲ့ ေ သွးအစစ်ကို လူတယောက်တည်းက ပိုင်တယ်လို့ သိသွားကြရင် စတုတ္ထနတ်ဘုရားကမ္ဘာတခုလုံး ရူးသွားမလားပဲ ''

ဟန်ရင်က တွေးရင်း သူမအကိုအတွက် ဂုဏ်ယူလိုက်ပါတယ်။ 

" ငါနင့်ကို ပထမနေရာပေးမယ်၊ ပြီးရင် ပုံဆောင်ခဲဥနဲ့ ပြန်လာပြီး စိန်ခေါ်မယ် ''

ဟန်ဆန်းက ပြောပြီးတာနဲ့ အရှုံးပေးပြီး မျိုးရိုးဗီဇအဆီအနှစ်သိုလှောင်စခန်းထဲက ထွက်သွားလိုက်တယ်။ 

ဟန်ဆန်းက မျိုးရိုးဗီဇအဆီအနှစ်သိုလှောင်စခန်းထဲကို ပြန်ဝင်လာပြီး ဟန်ရင်ရဲ့ယိမ်းနွဲ့ပါးဓ ားကို စိန်ခေါ်လိုက်တယ်။ ပုံဆောင်ခဲဥဟာ ပထမဖြစ်သွားပြီး ကိုးကြိမ်အားဖြည့်ခွင့်ရရှိသွားခဲ့ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now