971 - 975

225 20 0
                                    

Super God Gene (971)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၇၁)
-------- --------- -------- ------- --------
" ဟမ်၊ ဒီကောင်က ရှေးဦးသားရဲပဲ "

ဟန်ဆန်းဟာ ပိုလို့ မျက်မှောင်ကြုတ်သွားတယ်။

သူ့ပတ်ဝန်းကျင်ရှိ မျက်လုံးနီယုန်တွေဟာ ရှေးဦးသားရဲတွေဖြစ်တာကြောင့် သူတို့ရဲ့ခေါင်းဆောင်ဟာ သန္ဓေပြောင်းထက် မပိုသင့်ဘူး။ ဒါပေမဲ့ ပုရွက်ဆိတ်ဖုတ်သူခိုး မျက်လုံးနီယုန်ဟာ မျိုးရိုးဗီဇသော့ ခုနစ်ခုကို ဖွင့်ထားပါတယ်။

ရှေးဦးသားရဲတွေဟာ သူ့အတွက်အသုံးမဝင်တော့တာကြောင့် သူတို့ကို ဆက်ပြီး အမဲမလိုက်တော့ဘဲ ခရီးဆက်ခဲ့တယ်။

သူဟာ လမ်းမှာ တွေ့တဲ့ သားရဲတွေကို ရံဖန်ရံခါ တိုက်ခိုက်ပေမဲ့လဲ တကယ်တော့ သူတို့ကို အမဲလိုက်ဖို့ မရည်ရွယ်ပါဘူး။

နောက်ထပ်မိုင်ငါးဆယ်လောက် ခရီးထွက်ပြီးတဲ့နောက်မှာတော့ ယုန်တွေကို မတွေ့တော့ဘူး။ သို့တိုင် ပထမဆုံးတွေ့ခဲ့တဲ့ မျက်လုံးနီယုန်က သူ့ကို ဆက်လက်စိုးရိမ်စေခဲ့တယ်။

ဟန်ဆန်းဟာ ချိုင့်ဝှမ်းက ထွက်ပြီး တောင်စောင်းတစ်ခုပေါ်ကို တက်ခဲ့တယ်။ အဲဒီမှာ ဟန်ဆန်းဟာ သူအမဲလိုက်ချင်တဲ့ သန္ဓေပြောင်းသားရဲတကောင်ကို တွေ့ခဲ့တယ်။ ကမ်းပါးနံရံတခုမှာ ပျားအုံကြီးတအုံရှိတယ်။ ပျားတွေဟာ ခိုတကောင်အရွယ်လောက်စီ ရှိပြီး ပုံမှန်ပျားတွေထက် ပိုကြီးပါတယ်။

ဟန်ဆန်းဟာ ဒီပျားတွေရှိတာကို သိရှိထားပြီး၊ သူ့တိုကို အစွယ်ကွေးပျားလို့ ခေါ်ကြောင်း၊ အဆိပ်ပြင်းကြောင်းလဲ သိရှိထားပါတယ်။ အများစုက ရှေ့ဦးသားရဲတွေဖြစ်ပေမဲ့ သန္ဓေပြောင်းတွေလဲ ရှိပါတယ်။

ဟုတ်ပါတယ်။ ဒါက ဟန်ဆန်းရည်ရွယ်ထားတဲ့ ပစ်မှတ်ပါပဲ။ သူတို့ပုံစံနဲ့ သူတို့အားနည်းချက်က သူ့အတွက် အမဲလိုက်ဖို့ အကောင်းဆုံးပစ်မှတ်တစ်ခု ဖြစ်စေခဲ့ပါတယ်။

ဟန်ဆန်းဟာ သူနဲ့အတူ ယူဆောင်လာခဲ့တဲ့ မျက်လုံးနီယုန်ရဲ့အလောင်းကို မြက်ခင်းပြင်ပေါ်မှာ တင်ကာ ခုတ်ထစ်ပြီး ဝက်ဝံဖြူ ရဲ့သွေးတချို့ကို လောင်းကာ ထားပစ်ခဲ့ပြီး ပုန်းအောင်းနေလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now