1646 - 1650

125 10 0
                                    

Super God Gene (1646)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၆၄၆)
-------- --------- -------- ------- ------
အဲဒီအခန်းက ပုံဆောင်ခဲလူသားတွေရဲ့ အဓိကပင်မထိန်းချုပ်ခန်းနဲ့ တူတယ်။ အခန်းထဲမှာ ပုံမှန်အလုပ်နေတဲ့ ပုံဆောင်ခဲစက်တွေ အများကြီးရှိတယ်။ ဒီလိုမြင်ကွင်းတွေကို မြင်ဖူးတာကြောင့် ဟန်ဆန်းဟာ မအံ့ဩခဲ့ဘူး။ ဒါပေမဲ့ အခန်းထဲမှာ လူတယောက်ကို တွေ့လိုက်ရလို့ နည်းနည်းတော့ အံ့ဩသွားခဲ့ပါတယ်။

သူ့ဆံပင်က အနက်ရောင်ခပ်တိုတိုဖြစ်ပြီး ပုံဆောင်ခဲချပ်ဝတ်တန်ဆာတထည်ကို ဝတ်ထားတယ်။ အဲဒီချပ်ဝတ်တန်ဆာက တီနာဆီက ရခဲ့တဲ့ချပ်ဝတ်တန်ဆာနဲ့ ဆင်တူပါတယ်။ 

ချပ်ဝတ်တန်ဆာက လွဲလို့ သူ့ကိုယ်ပေါ်မှာ ထူးထူးခြားခြား ဘာမှ မရှိပါဘူး။ မြင်ရသလောက်တော့ သူဟာ သာမန်လူသားတယောက်နဲ့ အတူတူပါပဲ။ သူဟာ သားရဲ ဒါမှမဟုတ် ဝိညာဉ် မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာ သားရဲတွေ၊ဝိညာဉ်တွေရဲ့ ဝိသေသလက္ခဏာတွေ မတွေ့ရပါဘူး။ 

" သူက လူသားလား "

ဟန်ဆန်းဟာ တုံရွမ်အော်ရာကို သုံးပြီး စည်ထဲကလူကို အာရုံခံကြည့်ခဲ့တယ်။ ဒါပေမဲ့ စည်မျက်နှာပြင်ကို မထိုးဖောက်နိုင်ခဲ့ဘူး။ သူ့စွမ်းအင်ကို ဖတ်နိုင်ခဲ့ရင်တော့ အသက်ရှိမရှိ ဆုံးဖြတ်နိုင်ပါမယ်။

ဟန်ဆန်းက စည်အနီးကို ချဉ်းကပ်သွားတဲ့အခါ အသံတသံကို ကြားလိုက်ရတယ်။

" စက်မှာ အမှားတခုရှိတယ်၊ နတ်ဘုရားနှစ်ခြင်းစနစ်ဟာ မပြည့်စုံသေးဘူး၊ ကျေးဇူးပြု၍ စောင့်ပါ၊ ဒါမှမဟုတ် ပြန်လှည့်ပါ "

ဟန်ဆန်းက အသံဘယ်ကလာလဲ၊ လှည့်ပတ်ကြည့်ရှုလိုက်တယ်။ သက်ရှိတယောက်ယောက်က ပြောတဲ့အသံမျိုးမဟုတ်တာတော့ သေချာတယ်။ အေအိုင်က ပြောတဲ့အသံပဲ ဖြစ်လိမ့်မယ်။

ဟန်ဆန်းက ထွက်မသွားဖို့ ရွေးချယ်ခဲ့တယ်။ ဒီနေရာက သူ့ကို အံ့သြစေတယ်။ စောင့်နေတာက ဒီနေရာကို နားလည်ဖို့အတွက် အခွင့်အရေးရစေနိုင်တယ်။ စက်ပစ္စည်းအချို့ပျက်စီးနေတာကြောင့် ဒီနေရာမှာ တစုံတရာဖြစ်ပျက်ခဲ့တယ်လို့ သူထင်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now