1656 - 1660

102 9 0
                                    

Super God Gene (1656)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၆၅၆)
-------- --------- -------- ------- ------
'' နေပါအုံး... မဟုတ်သေးဘူး... ငါက ဒီကို အခြေအနေလေ့လာဖို့ လာတာလေ... ဘာတွေဖြစ်ကုန်တာလဲ... ''

ဟန်ဆန်းဟာ အတော်လေး ခွတီးခွကျ ခံစားခဲ့ရတယ်။ သူက လှည့်ကြည့်ပြီး တံလျှပ်အကြီးအကဲကို ကြည့်လိုက်တယ်။ တံလျှပ်အကြီးအကဲနဲ့ အခြားသူတွေကလဲ သူ့ကို ပြန်ကြည့်နေကြတယ်။ ဒါပေမဲ့ သူတို့အကြည့်တွေမှာ သ-တ်ချင်ဖြ-တ်ချင်စိတ်တွေအပြည့်ရှိနေပါတယ်။

'' ကောင်မလေး... မင်းက အရမ်းလှပြီး ကြည့်ကောင်းတယ်၊ ငါ့ရဲ့မျိုးရိုးဗီဇတွေ မင်းဆီမှာ ရှိတယ်ထင်ရင်လဲ အခုလို လူသိရှင်ကြား ထုတ်မပြောနဲ့လေ ''

ဟန်ဆန်းက မရဏဧကရီနဲ့ သူနဲ့ ဘာမှမဆိုင်ဘူးလို့ အများကို ရှင်းပြချင်တယ်။ သူမမှာက ရ-န်သူအလွန်များတယ်။ သူမလုပ်ထားတဲ့အပြစ်တွေကို သူက ကြားဝင်မခံနိုင်ပါဘူး။ သူ့မှာလဲ နဂိုကတည်းက ရ-န်သူများနေတာမှာ နောက်ထပ်ရ-န်သူအသစ်တွေ မလိုချင်ပါဘူး။ သူမဟာ သူ့သမီးဖြစ်တယ်လို့ ပြောလိုက်ရင် အခုရောက်နေသူတွေအားလုံးနဲ့ ရန်သူဖြစ်သွားလိမ့်မယ်။

ဟန်ဆန်းဟာ စတုတ္ထနတ်ဘုရားကမ္ဘာမှာ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ ဒါပေမဲ့ သူမက သူ့သမီးမဟုတ်တာကြောင့် သူမလုပ်သမျှကို သူတာဝန်မယူနိုင်ပါဘူး။

ဟန်ဆန်းစကားမဆုံးခင်မှာပဲ တံလျှပ်အကြီးအကဲက ဒေါသတကြီး ပြောလိုက်တယ်။

'' သူက မင်းရဲ့သမီးဖြစ်နေတော့ သူ့အကြောင်း ငါတို့မသိတာ မဆန်းပါဘူး၊ သူ စတုတ္ထနတ်ဘုရားကမ္ဘာမှာ လျှောက်သွားပြီး သ-တ်ဖြ-တ်နေတာက မင်းခိုင်းထားတာ မဟုတ်လား၊ မင်း ဘာဖြစ်လို့ ဒီလိုလုပ်ခိုင်းရတာလဲ၊ ပြောပါအုံး ''

" စကားပြောနေဖို့ မလိုပါဘူး၊ စတုတ္ထနတ်ဘုရားကမ္ဘာ အများကြီး မထိခိုက်ခင် သူတို့နှစ်ယောက်စလုံးကို အခုပဲ သ-တ်ပ-စ်လိုက် "

" ဟုတ်တယ်၊ သူတို့ကို သ-တ်ပ-စ်လိုက် "

တချို့ဟာ စိတ်မထိန်းနိုင်တော့ဘဲ မျိုးရိုးဗီဇအဆီအနှစ်တွေကို ဆင့်ခေါ်ပြီး ရှေ့တက်လာကြတယ်။ သူတို့ဟာ ဟန်ဆန်းနဲ့မရဏဧကရီ နှစ်ယောက်စလုံးကို သ-တ်ချင်နေကြပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now