1741 - 1745

35 3 0
                                    

Super God Gene (1741)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၇၄၁)
-------- --------- -------- ------- ------
" ဒေါ်လာ "

လင်းမေဟာ ဟန်ဆန်းကို မြင်လိုက်ရလို့ ပျော်ရွှင်သွားခဲ့တယ်။ သူမဟာ ဟန်ဆန်းရဲ့သရုပ်မှန်ကို သိပေမဲ့လဲ ထုတ်ဖော်မပြောဘဲ ထိန်းသိမ်းပေးထားခဲ့ပါတယ်။

" လင်းမေ... အကြီးအကဲ... ဘာတွေဖြစ်နေကြတာလဲ... ''

ဟန်ဆန်းက မေးလိုက်တယ်။

အမှောင်ဝိညာဉ်အကြီးအကဲက လင်းမေပြောတာကို ကြားပြီး ဟန်ဆန်းကို ပြန်လည်အမှတ်ရသွားတယ်။ သူက ဟန်ဆန်းကို ကြည့်ပြီး- 

" ဒါက ဘယ်လိုပြောရမလဲ၊ ပြောရတော့ နည်းနည်းခက်တယ် "

လို့ ပြောလိုက်တယ်။

လင်းမေက ဒေါသနဲ့ ရှင်းပြခဲ့တယ်။ ဟန်ဆန်းက ဖြစ်ပျက်ခဲ့တာတွေကို ကြားပြီးနောက် အကြီးအကဲဘက်ကို လှည့်ပြီး-

'' အကြီးအကဲ... လင်းမေတို့ကို ခေါ်ပြီး မျက်နှာဖုံးရဲတိုက်ကို သွားပြီး ရှောင်နေလိုက်ပါ၊ သူတို့ကို ရှင်းပြီးရင် ရဲတိုက်ကို ကျနော်လိုက်လာခဲ့မယ် "

လို့ ပြောလိုက်ပါတယ်။

" ကျမတို့လဲ ရှင်နဲ့ လက်တွဲပြီး သူတို့ကို ရင်ဆိုင်မယ် ''

လင်းမေက လက်သီးလက်မောင်းတန်းလျက် ပြောလိုက်တယ်။ 

" ရတယ်၊ သူတို့ကို ငါတယောက်တည်း ရင်ဆိုင်လို့ ရတယ်၊ မင်းတို့တွေ မျက်နှာဖုံးရဲတိုက်မှာ သွားနေပြီး သတင်းကောင်းကို စောင့်နေလိုက်ပါ '' 

ဟန်ဆန်းက ပြောလိုက်တယ်။

ဟန်ဆန်းဟာ သူတို့ကို ထွက်သွားခိုင်းပြီးနောက် ပေ့အာကို ခေါ်ပြီး အမှောင်ဝိညာဉ်ရဲတိုက်ကို ဆက်သွားခဲ့တယ်။ ဘူးသီးကို ဘယ်သူမှ မခူးရသေးဘူးဆိုတာက ပေ့အာအတွက် သတင်းကောင်းပါပဲ။

" အကြီးအကဲ... သူ့ကို ကျနော်တို့ယုံကြည်လို့ ရမလား "

အမှောင်ဝိညာဉ်တယောက်က အကြီးအကဲကို မေးလိုက်တယ်။

" ငါလဲ မသိဘူး၊ ငါလဲ ကောက်ရိုးတမျှင်ကို ဆွဲလိုက်တာပဲ '' 

အမှောင်ဝိညာဉ်အကြီးအကဲက သက်ပြင်းရှည်ကြီးချကာ ပြောလိုက်ပါတယ်။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now