1286 - 1290

173 19 0
                                    


Super God Gene (1286)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၈၆)
-------- --------- -------- ------- -------
စိန့်ဖန်းရဲတိုက်မှာရှိတဲ့ လူတွေ၊ ဝိညာဉ်တွေ၊ သားရဲတွေအားလုံးဟာ စိန့်ဖန်းဧကရာဇ်လိုအပ်တဲ့အချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ပေးရပါတယ်။

သက်ကြီးပိုင်းရောက်လာတဲ့ လူအများစုဟာ ကြောက်စရာကောင်းတဲ့ အဲဒီကံကြမ္မာဆိုးကို ရှောင်လွှဲနိုင်ဖို့ ကိုယ့်ကိုယ်ကိုသတ်သေဖို့ စဉ်းစားခဲ့ကြတယ်။ ဒါပေမဲ့ အမှန်တကယ်သတ်သေဖို့ ကြိုးစားခဲ့သူတွေကို စိန့်ဖန်းဧကရာဇ်က အသက်ပြန်ရှင်စေပြီး သေတာထက်ဆိုးတဲ့ အပြစ်ဒဏ်ကို ပေးပါတယ်။

ရော့မန်ဟာ အခုဆို အရင်ကထက်တောင် မျှော်လင့်ချက်တွေပိုလို့ကင်းမဲ့လာခဲ့ပြီး သက်တမ်းကုန်ပြီးသေမဲ့နေ့ကိုပဲ စောင့်မျှော်နေမိတော့တယ်။ ဒါပေမဲ့ မသေသေးတော့လဲ တမိုးသောက်တိုင်း ကျွန်အဖြစ် ဆက်လက်ချီတက်ဖို့ ခွန်အားတွေကို စုဆောင်းခဲ့ရတယ်။ သေမင်းဟာ သနားကရုဏာသက်ပြီး သူ့ကို လာခေါ်ပါစေလို့ ဆုတောင်းခဲ့ရတာလဲ နေစဉ်နေ့တိုင်းပါပဲ။ သေမင်းကတော့ သူ့ဆုတောင်းကို အခုအချိန်အထိ ကြားတဲ့ပုံမပေါ်ပါဘူး။ 

စိန့်ဖန်းရဲတိုက်မှာ ရောက်နေကြတဲ့ လူသားတွေဟာ တခါတခါတော့ ကယ်တင်ရှင်သူရဲကောင်းကို မျှော်လင့်မိကြတယ်။ ဒါပေမဲ့လဲ ဘယ်လူစိမ်းကမှ ဝထ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို စွန့်စွန့်စားစား လာမကယ်ခဲ့ပါဘူး။ 
-------- --------- -------- ------- --------
ဒီနေ့လဲ ရော့မန်ဟာ ခါတိုင်းနေ့တွေလိုပဲ ပန်းပင်တွေကို ရေလောင်းဖို့ သွားခဲ့တယ်။ ရေလောင်းနေရင်း ကန်ရေပြင်ကို ငေးကြည့်နေခဲ့တယ်။ ကန်ရေပြင်ဟာ သူ့အတွက်တော့ အကျဉ်းထောင်နံရံတွေပါပဲ။ သူဟာ အထက်ကောင်းကင်ကို တခါလောက် ကြည်ကြည်လင်လင် ကြည့်ရှုချင်ပါတယ်။ ဘယ်အချိန်ရောက်မှ ကြည့်ရှုခွင့်ရမလဲ။ သူ,မသိပါဘူး။

အဲဒီအချိန်မှာ အရိပ်တရိပ် ရိပ်ခနဲ ဖြတ်သွားတာကို သူ ရုတ်တရက် သတိထားလိုက်မိတယ်။ အဲဒီအရိပ်ဟာ လူသားတယောက်ဖြစ်တယ်လို့ သူ ချက်ချင်း ပြောနိုင်ပါတယ်။ တိတိကျကျပြောရရင် လူငယ်တယောက်ဖြစ်တယ်လို့ပေါ့။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now