1051 - 1055

201 25 0
                                    


Super God Gene (1051)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၅၁)
-------- --------- -------- ------- --------
ဟန်ဆန်းက ချဲ့ချင်တောင်းဆိုတာကို လက်ခံပြီး ဓားမီးဖိုရဲတိုက်ကို အတူတူ ခရီးထွက်ဖို့ သဘောတူညီခဲ့တယ်။

ဟန်ဆန်းက သူ့ကို ခေါ်လို့ အကျိုးမယုတ်နိုင်ဘူး၊ မြင့်မြတ်ဓားရဲတိုက်ကို သိမ်းတဲ့အခါ အကူအညီရလိမ့်မယ်လို့ တွေးမိခဲ့တယ်။

အပြန်အလှန် ဆွေးနွေးပြီးနောက် ချဲ့ချင်ဟာ ဒဏ်ရာတွေကို ဆက်လက်ကုသဖို့ ရေကန်မှာ ခဏကျန်ရစ်ခဲ့တယ်။

ဟန်ဆန်းကတော့ ရတနာတခုခု တွေ့လိုတွေ့ငြား သူ့ဘာသာသူ ရှာဖွေဖို့ ထွက်သွားခဲ့တယ်။

ဒဏ်ရာတွေသက်သာသွားတဲ့အခါ ချဲ့ချင်ဟာ ဟန်ဆန်းနောက်ကို လိုက်သွားပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ထူးဆန်းတဲ့ နယ်မြေကို တယောက်တည်း ဖြတ်သန်းဖို့ အစပိုင်းမှာ စိုးရိမ်နေခဲ့ပေမဲ့လဲ အခုအခါ သားရဲဝိညာဉ်အသစ်ရထားပြီမို့ အရင်လို မစိုးရိမ်တော့ဘူး။ လက်ရှိကြံ့ခိုင်မှုအညွှန်းကိန်းအရလဲ သူဟာ အသွင်ပြောင်းသားရဲဝိညာဉ်ကို အချိန်အတော်ကြာတဲ့အထိ သုံးနိုင်ပါတယ်။

ရွှေကျီးကန်းသားရဲဝိညာဉ်ကို အသုံးပြုရာမှာ တခုတည်းသောပြဿ     နာက အသွင်ပြောင်းလိုက်တဲ့အခါ ငှက်ဖြစ်သွားတာကြောင့် ဖီးနစ်လေသိုင်း တခုတည်းကိုပဲ အသုံးပြုနိုင်တာပါ။

အသွင်ပြောင်းပြီးနောက် သူက မီးဓာတ်သဘာဝရှိတဲ့ စူပါသားရဲတကောင်ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ သူဟာ ချဲ့ချင်ထက်တောင် သန်မာနိုင်တယ်။ 

ဒါပေမဲ့ သူဟာ ရွှေကျီးကန်းသားရဲရဲ့ သဘာဝကို အများကြီး မသိသေးဘူး။ အဲ့ဒါကြောင့် များများသိအောင် လေ့လာရအုံးမယ်။ သိုးဘုရင်ရဲ့ သားရဲဝိညာဉ်ကလဲ ဘာမှန်းမသိသေးဘူး။ ဒါပေမဲ့ သိုးဘုရင်ရဲ့ သားရဲဝိညာဉ်ဟာ မီးဓာတ်သဘာဝနဲ့  ပတ်သက်မှုတစ်ခုခုရှိနိုင်တယ်လို့ ထင်မိတယ်။

ဟန်ဆန်းဟာ သိုးဘုရင်ရဲ့ သားရဲဝိညာဉ်အကြောင်း စဉ်းစားရင်း ထူးဆန်းတဲ့နေရာကို လေကြောင်းကနေ စူးစမ်းကြည့်ဖို့ စိတ်ကူးရသွားခဲ့တယ်။ အချိန်အတော်ကြာ ပျံသန်းပြီးနောက် သိုးနဲ့တူတဲ့ သားရဲတချို့ကို တွေ့လိုက်ရတယ်။ တကောင်ကို သတ်ပြီးတဲ့အခါ 'မစားအပ်'လို့ ကြားခဲ့ရတာမို့ ဆက်မသတ်ဘဲ ခရီးဆက်ခဲ့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now