1746 - 1750

37 4 0
                                    

Super God Gene (1746)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၇၄၆)
-------- --------- -------- ------- ------
ချောင်းရဲ့အိမ်မှာ...

" သူက ရှင့်သမီးလား ''

ချောင်းနဲ့လန်ဆီဟာ ဆိုဖာပေါ်မှာထိုင်နေတဲ့ ပေ့အာကို ကြည့်ပြီး မေးလိုက်တယ်။ 

" ဟုတ်တယ်၊ သူ့ကို အခုလေးပဲ သွားခေါ်ချည်တာ ''

ဟန်ဆန်းက ပြန်ဖြေလိုက်တယ်။

" မဖြစ်နိုင်ဘူး၊ သူက ရှင်နဲ့လဲ မတူဘူး ''

လန်ဆီက ခေါင်းခါလျက် ပြောလိုက်တယ်။ 

" ဘာလို့ မတူရမှာလဲ၊ ဒီမှာ ကြည့် "

ဟန်ဆန်းက သူ့မျက်နှာကို ပေ့အာရဲ့မျက်နှာဘေးမှာ သွားကပ်လိုက်တယ်။ ပေ့အာကလဲ ပြန်ကပ်လိုက်တယ်။ ပြီးနောက် တပြိုင်နက် ပြုံးပြလိုက်ကြတယ်။

" ရှင့်သမီးက ရှင့်ထက် ပိုလှတယ် "

လန်ဆီက ချက်ချင်းပြောလိုက်တယ်။

ဟန်ဆန်းဟာ လန်ဆီက သူ့ကို စကားနဲ့ အနိုင်ယူသွားလို့ မခံချိမခံသာ ဖြစ်သွားပါတယ်။ 

" သူက ဒီမှာ နေလို့ ရပါတယ်၊ ဒါပေမဲ့ သူရှိနေတယ်ဆိုပြီး အလုပ်မလုပ်ဘဲ နေလို့ မရဘူး၊ သူ့အတွက်တော့ စိတ်မပူနဲ့၊ ကျမတို့ အလုပ်ထွက်လုပ်နေတုန်း သူ့ကို ကျမအဒေါ်က ထိန်းပေးထားလိမ့်မယ်၊ ဟုတ်ပြီလား ''

ချောင်းက မတ်တတ်ရပ်ကာ ပြောလိုက်တယ်။ 

ဟန်ဆန်းက ပေ့အာကို အိမ်မှာ မထားခဲ့ချင်ဘူး။ သူမရှိတုန်း အိမ်ကို ဗြောင်းဆန်အောင် လုပ်ထားမှာကို စိုးရိမ်နေပါတယ်။ ပေ့အာအကြောင်း သူအသိဆုံး မဟုတ်ပါလား။

" ရှင်က ဘယ်လိုအဖေလဲ၊ ကလေးကို အန္တရာယ်တောထဲ ခေါ်သွားမယ်၊ သူက တကယ်ကော ရှင့်သမီးဟုတ်ရဲ့လား "

ချောင်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်တယ်။ 

ဟန်ဆန်းက မချိပြုံး ပြုံးလိုက်ပြီး-

'' ကျနော်က ခေါ်လဲ မသွားချင်ဘူး၊ အိမ်မှာ ထားခဲ့ဖို့ ကျတော့လဲ စိတ်မချဘူး၊ အဲဒါကြောင့်လဲ သူ့ကို ဒီခေါ်လာခဲ့တာပေါ့၊ မစိုးရိမ်ပါနဲ့၊ အဆင်ပြေသွားမှာပါ ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now