1691 - 1695

95 7 2
                                    

Super God Gene (1691)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၆၉၁)
-------- --------- -------- ------- ------
ကြောက်ရွံ့ခြင်းက ဟန်ဆန်းရဲ့လည်ပင်းကို ညှစ်ထားတယ်။ တကယ်တော့ သူက ကြောင် အော်မပြောခင်ကတည်းက နောက်ဆုတ်ထားပြီးသားပါ။ အခု သူက သေမင်းချပ်ဝတ်ဓားသမားရဲ့ သားရဲဝိညာဉ်ကို ဆင့်ခေါ် ပြီး သေမင်းချပ်ဝတ်ဓားသမားအဖြစ် အသွင်ပြောင်းလဲထားလိုက်ပါတယ်။

ဟန်ဆန်းဟာ ကြံ့ခိုင်မှုအညွှန်းကိန်းနိမ့်တာကြောင့် သားရဲဝိညာဉ်ဆင့်ခေါ်ရုံကလွဲလို့ အခြားရွေးချယ်စရာမရှိပါဘူး။ နောက်ပြီး လက်မှာ လက်အိတ်ရှိနေတာကြောင့် အဖြူရောင်ချပ်ဝတ်တန်ဆာ ကိုလဲ ဆင့်ခေါ်လို့မရပါဘူး။ အဲဒါကြောင့် သားရဲဝိညာဉ်ကိုပဲ ခေါ်ယူနိုင်ပါတယ်။

တော်ဝင်နတ်မိမယ်နဲ့တူတဲ့ လူတူသားရဲဟာ ဟန်ဆန်းဆီကို ရိပ်ခနဲ ရောက်လာတယ်။ ဟန်ဆန်းကလဲ အလွန်မြန်မြန်ဆန်ဆန် ရှောင်လိုက်တယ်။ ဒါပေမဲ့ လွတ်အောင် မရှောင်နိုင်ခဲ့ဘူး။

ဟန်ဆန်းဟာ အံကြိတ်ပြီး သူ့ရင်ဘတ်ကို ကာကွယ်ဖို့ သူ့ဘယ်လက်ကို အသုံးပြုခဲ့တယ်။ 

'' ဝုန်း ''

ဟန်ဆန်းဟာ ရထားတစ်စီးနဲ့ အတိုက်ခံလိုက်ရသလို ခံစားခဲ့ရပြီး နောက်ဘက်ကို လွင့်ထွက်သွားပါတယ်။ အဲဒီနောက် ဓာတ်ခွဲခန်းနံရံတခုကို တိုက်မိပြီး သူ့ခန္ဓာကိုယ်ဟာ နံရံထဲကို ဖောက်ဝင်သွားခဲ့တယ်။ ဒါပေမဲ့ ရပ်တန့်မသွားဘဲ နံရံတွေကို ဆက်လက်ဖောက်ဝင်သွားခဲ့ပါတယ်။ နံရံအနည်းငယ်ပျက်စီးသွားတဲ့အခါမှ ဟန်ဆန်းဟာ ရပ်တန့်နိုင်ခဲ့ပါတယ်။

ဟန်ဆန်းဟာ မြေပေါ်ကို လဲကျသွားပြီး သွေးတချို့အန်လိုက်ရတယ်။ ဒါပေမဲ့ သူ့မှာ နှုတ်ခမ်းက သွေးတွေကို သုတ်နေဖို့ အချိန်မရှိပါဘူး။

ဟန်ဆန်းဟာ ချက်ချင်းပဲ ထပြေးခဲ့ပါတယ်။ ကြောင်ကလဲ သူ့လိုပဲ ပြေးနေပြီး သူ့ကိုတောင် ကျော်တက်သွားပါတယ်။

ဟန်ဆန်းက နောက်ကို လှည့်ကြည့်လိုက်တယ်။ သူတို့နောက်ကို မျက်လုံးနီတော်ဝင်နတ်မိမယ် လိုက်လာနေတာကို တွေ့လိုက်ရပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now