1191 - 1195

211 18 0
                                    


Super God Gene (1191)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၉၁)
-------- --------- -------- ------- -------
ဟန်ဆန်းက နဂါးဘုရင်ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။

" ဒါဆိုရင် အသုရာကျင့်စဉ်က  ခင်ဗျားရဲ့ အကြေးခွံပေါ်မှာ ဘာဖြစ်လို့ ရှိနေတာလဲ၊ ခင်ဗျားက အသုရာရဲ့ အဆက်အနွယ်မို့လား '' 

'' အမ်  "

နဂါးဘုရင်ဟာ စကားဆက်မပြောနိုင်တော့ဘူး။

ဟန်ဆန်းဟာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို နားလည်သလို ရှိလာတယ်။ နဂါးဘုရင်ဟာ သစ္စာဖောက်တယောက် ဖြစ်နိုင်ဖွယ်ရှိတယ်။ သူဟာ သစ္စာဖောက်ခဲ့တာကြောင့် အခုလက်ရှိအခြေအနေမှာ သူ့ကို အခြားဗိုလ်ချုပ်တွေက တွေ့မြင်သွားမှာကို ကြောက်နေပုံရတယ်။

" ငါ့ကို ယုံပါ၊ ငါ့ကို တကြိမ်လောက် ထပ်ယုံပေးပါ၊ အသုရာဘုရင်က စတုတ္ထနတ်ဘုရားကမ္ဘာမှာ ရှိနေပေမဲ့ တတိယနတ်ဘုရားကမ္ဘာမှာ သူ့မျိုးဆက်တွေရှိနေတုန်းပဲ၊ သူတို့ထဲက တယောက်ကို အသုရာကျင့်စဉ်လေ့ကျင့်ပေးလိုက်မယ်ဆိုရင် အညှောင့်နွယ်တွေကို ဖယ်ရှားနိုင်..."

ဟန်ဆန်းက နဂါးဘုရင်ကို သူ့စကားမဆုံးခင် လက်စွပ်ထဲပြန်ပို့လိုက်တယ်။

" အသုရာရဲ့မျိုးဆက်ကို ရှာဖို့ ခင်ဗျားကို မလိုအပ်ဘူး "

ဟန်ဆန်းဟာ အသုရာကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ တစုံတယောက်ကို ပြေးမြင်လိုက်တယ်။

ဇီရိုးဟာ အသုရာကျင့်စဉ်ကို ဘယ်လောက်ကျွမ်းကျင်နေပြီလဲဆိုတာ သူ သိချင်သွားပါတယ်။

အသုရာကျင့်စဉ်ဟာ ကောင်းကင်အတုကျင့်စဉ်နဲ့ ဘာကြောင့်တူနေတာလဲ၊ အဲဒီကျင့်စဉ်ကို ခြူ ရာတွေကပဲ ဘာကြောင့်ကျင့်နိုင်တာလဲ၊ စတဲ့ မေးခွန်းတွေကို ဟန်ဆန်းဟာ ကိုယ့်ကိုယ်ကိုယ် မေးခဲ့မိတယ်။

" ဒါတွေအားလုံးက ခြူရာတွေနဲ့ သွယ်ဝိုက်ပတ်သက်နေတာလား၊ ခြူ ရာတွေက အသုရာရဲ့ အဆက်အနွယ်တွေဆိုရင် သူတို့က နတ်ဘုရားကမ္ဘာထဲကို ဝင်လာနိုင်တယ်လို့ ဆိုလိုရာ မရောက်ဘူးလား ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now