1246 - 1250

189 20 0
                                    

Super God Gene (1246)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၄၆)
-------- --------- -------- ------- -------
ငွေမြေခွေးလေးဟာ လက်ကို မျိုချလိုက်ပြီးနောက် တမိနစ်လောက် တကိုယ်လုံးတဆတ်ဆတ်တုန်သွားတာကလွဲလို့ ဘာမှမဖြစ်ခဲ့ဘူး။

အဲဒီနောက် ငွေမြေခွေးလေးဟာ ဟန်ဆန်းရဲ့အိပ်ရာကို ဖြည်းဖြည်းဆေးဆေး လျှောက်သွားပြီး ခပ်တည်တည်နဲ့ လှဲအိပ်နေလိုက်ပါတယ်။

ဟန်ဆန်းဟာ စိုးရိမ်သွားပြီး ငွေမြေခွေးလေးကို တုံရွမ်အော်ရာနဲ့ စစ်ဆေးလိုက်တယ်။

'' ဟူး... တော်သေးတယ်... ဘာမှမဖြစ်လို့... ဒီကောင်လေးကတော့ကွာ... ငယ်ငယ်ကအကျင့်တွေ အခုထိ မပျောက်သေးဘူး... ''

ဟန်ဆန်းက တူပါတဲ့ အသီးကို ဇီရိုးဆီ တွန်းပို့ပေးလိုက်တယ်။

" ဇီရိုး... နောက်ဆုံးအလုံးကို မင်းခွဲလိုက် ''

ဇီရိုးက လက်ခံပြီး ဖိကြိတ်လိုက်တယ်။ တူက သူမခေါင်းထဲကို ဝင်ရောက်သွားပါတယ်။

ဇီရိုးရဲ့ခေါင်းထဲဝင်သွားတာကြောင့် သီအိုရီအရ တူဟာ သားရဲဝိညာဉ်ဖြစ်တယ်လို့ ပြောရပါမယ်။ ဟန်ဆန်းက တူကို မျိုးရိုးဗီဇရတနာလို့ အစက ထင်ခဲ့တဲ့အတွက် အဲဒါက သူ့အတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ဇီရိုးဟာ သားရဲဝိညာဉ်ကို ဟန်ဆန်းဆီ လွှဲပေးခဲ့ပါတယ်။

'' မိုးကြိုးတူစူပါသားရဲဝိညာဉ်ရရှိ ''

ဟန်ဆန်းဟာ သားရဲဝိညာဉ်မျိုးစုံကို မြင်ဖူး၊ တွေ့ဖူး၊ ရဖူးပေမဲ့ ဒီလိုသားရဲဝိညာဉ်မျိုးကိုတော့ တခါမှ မမြင်ဖူး၊ မတွေ့ဖူး၊ မရဖူးပါဘူး။

ဟန်ဆန်းက တူကို အနီးကပ်ကြည့်လိုက်တယ်။ အတော်လေး ရိုးရှင်းပြီး သူ့အပေါ်မှာ လျှပ်စီးပုံသင်္ကေတတခုရေးထိုးထားပါတယ်။ တူရဲ့အရောင်က အပြာရောင်ဖြစ်ပြီး တူခေါင်းမှာ ရိုးရှင်းတဲ့ လေးထောင့်ကွက်တကွက်ရှိပါတယ်။

ဟန်ဆန်းက မိုးကြိုးတူကို ဆင့်ခေါ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ ဒါပေမဲ့ သူဆင့်မခေါ်ခင်မှာပဲ နောက်ထပ်ကြေညာချက်တခုထွက်ပေါ်လာတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now