1436 - 1440

209 19 1
                                    


Super God Gene (1436)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၄၃၆)
-------- --------- -------- ------- -------
ထန်ယုပိုင်ဟာ သူ အဖြေမထုတ်နိုင်တဲ့ မေးခွန်းတချို့ရှိတယ်ဆိုတာ သိလိုက်ရလို့ စိတ်ညစ်သွားပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက အဲဒီအကြောင်းအရာတွေထဲက အများစုကို သူလေ့လာသင်ယူခဲ့ပေမဲ့ အခုတော့ အရာရာတိုင်းကို မေ့သွားခဲ့ပါပြီ။ ပိုမိုရှုပ်ထွေးတဲ့ မေးခွန်းတွေအတွက် ဖြေရှင်းနည်းတွေကို ဘယ်လိုရှာရမလဲ၊ သူ မသိတော့ပါဘူး။ 

" ဒါက အရမ်းကြော-က်စရာကောင်းတာပဲ၊ ကလေးတစ်ယောက်ကို ဦးနှောက်အရည်ပျော်လောက်အောင် ခက်ခဲတဲ့ဟာတွေကို ဘာဖြစ်လို့ ခွင့်ပြုထားသလဲ၊ ဒါတွေက သူတို့ရဲ့ကလေးဘဝလေးတွေကို ဖျ-က်ဆီးပ-စ်မှာ သေချာတယ်၊ ဒီပြဋ္ဌာန်းစာအုပ်ကို ဖန်တီးတဲ့ ဘယ်သူ့ကိုမဆို ကွ-ပ်မျ-က်သင့်တယ် "

ထန်ယုပိုင်က ဒေါသတကြီး ထုတ်ဖော်ပြောဆိုခဲ့တယ်။

ပေ့အာက သူ့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားခဲ့တယ်။

'' ဦးဦးမှန်တယ်၊ သမီးအဖေကို ကွပ်မျက်သင့်တယ်၊ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ဆို ဦးဦးက နည်းနည်းလိုသေးတယ် "

'' သမီးက ရေခဲမုန့်စားဖို့ ဘာဖြစ်လို့ ခဏတဖြုတ် မနားတာလဲ၊ တခုခုဖြစ်ရင် ဦးဦးတာဝန်ယူတယ် ''

ထန်ယုပိုင်က သူ့ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်တယ်။

ပေ့အာက ခေါင်းခါပြီး ''နားလို့ မဖြစ်ဘူး၊ အိမ်စာမပြီးသေးဘဲ အပြင်ထွက်တာကို ဖေဖေသိသွားရင် သမီးကို ခါးပတ်စာကျွေးလိမ့်မယ်''လို့ ငိုမဲ့မဲ့နဲ့ ပြောလိုက်တယ်။

အဲဒီနောက်မှာတော့ ပေ့အာဟာ မျက်ရည်တွေဝဲသွားပါတယ်။

" သူက တကယ့်လူ့တိ-ရစ္ဆာန်ပဲ၊ ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးကို ဘာဖြစ်လို့ ဒီလိုရ-က်ရ-က်စ-က်စ-က် ဆက်ဆံရတာလဲ၊ ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး၊ သူ့ကို ကလေးတရ-ားရုံးမှာ တရ-ားစွဲရမယ် ''

ထန်ယုပိုင်က ကလေးအဖေရဲ့အတွေးအခေါ်ဟာ အရမ်းကြောက်စရာကောင်းတယ်လို့ တွေးပြီး ပေ့အာကို ပို,ပိုသနားလာပြီး ဟန်ဆန်းကို အစစ်အမှန် ဒေါသထွက်လာပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now