1031 - 1035

223 25 0
                                    


Super God Gene (1031)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၃၁)
-------- --------- -------- ------- --------
ပုံရိပ်ယောင်ကွန်မြူ နတီမှာ တွေ့ဆုံရတဲ့ အကြောင်းရင်းက ချင်ကျွင်းဟောက်ဟာ ဝိညာဉ်နဲ့ စာချုပ်ချုပ်ထားလို့ပါ။
သူဟာ တစ္ဆေဓားရဲတိုက်ကနေ ထွက်ပြေးလာတာဖြစ်လို့ နတ်ဘုရားကမ္ဘာကို ပြန်သွားရင် နာနာကျင်ကျင် သေဆုံးရလိမ့်မယ်။

ဟန်ဆန်း သူနဲ့တွေ့ဖို့သွားတဲ့အခါ လင်ဝေဝေ၊ လင်ဟီ၊ ချန်ဟူ၊ ကျောက်ရှင်းတို့က အရပ်ရှည်ရှည်နဲ့ လူငယ်တယောက်ရဲ့ဘေးမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

လင်ဝေဝေက ဟန်ဆန်းကို အဲ့ဒီလူငယ်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ ချွင်ကျွင်းဟောက်က ဟန်ဆန်းကို သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ရှင်းပြခဲ့တယ်။

“ ငါနဲ့ အကိုခုနစ်က ဝိညာဉ်ဧကရာဇ်တယောက်ရှိနေတာကို မင်းသတိမထားမိဘူးလို့ ထင်တယ်၊ မင်းက စူပါသားရဲတကောင်ကို သတ်လိုက်တယ်လို့ သိလိုက်ရတော့ ငါတို့က အရမ်းဝမ်းသာပြီး အရမ်းကြောက်သွားတယ် ''

ချွင်ကျွင်းဟောက်က သက်ပြင်းချလျက် ပြောလိုက်တယ်။

“ ဒါက အရေးကြီးတဲ့ သတင်းပဲ၊ အခုလို သတင်းလာပို့လို့ မင်းကို ကျေးဇူးတင်တယ်၊ ငါတို့က စူပါသားရဲတွေနဲ့ တော်ဝင်ဝိညာဉ်တွေအကြောင်းပဲ သိတယ်၊ ဝိညာဉ်ဧကရာဇ်တယောက် ရှိတယ်ဆိုတာ မသိဘူး။ မင်းက ငါတို့ကို စွန့်စွန့်စားစား သတင်းလာမပို့ရင် ငါတို့တွေ အလစ်ဖမ်းတိုက်တာ ခံရမယ် ''

ဟန်ဆန်းက ကျေးဇူးတင်စကားဆိုလိုက်တယ်။

'' ရပါတယ်၊ မင်းတို့တွေ အဲ့ဒီရဲတိုက်မှာ ဆက်မနေဘဲ နေရာရွှေ့လိုက်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ဒီမဟာမိတ်မှာပဲနေပြီး နတ်ဘုရားကမ္ဘာကို ဘယ်တော့မှ မပြန်နဲ့တော့ ''

ချင်ကျွင်းဟောက်က အကြံပေးလိုက်တယ်။

'' အကိုချင်၊ ရဲတိုက်မှာ ဝိညာဉ်ဧကရာဇ်အပြင် အခြားတော်ဝင်ဝိညာဉ်တွေ၊ စူပါသားရဲတွေကော ရှိသေးလား ''

ဟန်ဆန်းက ဖြတ်မေးလိုက်တယ်။

" တော်ဝင်ဝိညာဉ်တွေတော့ မရှိဘူး၊ ဒါပေမဲ့ စူပါသားရဲတွေ...၊ ဟုတ်တယ်...၊ စူပါသားရဲနှစ်ကောင်ရှိတယ်၊  တကောင်ကတော့ မြင့်မြတ်ဓားဧကရာဇ်က သူ့ကို တကြိမ် အသက်ကယ်ဖူးလို့ အပြန်အလှန်လေးစားမှုနဲ့ သူ့စကားကို နားထောင်တယ်၊ နောက်တကောင်ကတော့ စာချုပ်ချုပ်ထားတာ ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now