1631 - 1635

117 9 0
                                    

Super God Gene (1631)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၆၃၁)
-------- --------- -------- ------- ------
ဒေါ်လာရဲ့အမည်ဟာ ပိုမိုကျော်ကြားလာခဲ့တယ်။ လူသားတွေက သူ့ကို မျှော်လင့်ချက်ရဲ့အလင်းရောင်လို့တောင် တင်စားရည်ညွှန်းခဲ့ကြတယ်။ သို့တိုင် သူ့ကို မနှစ်မြို့တဲ့ အသံအနည်းငယ်လဲ ရှိခဲ့ပါတယ်။

အတော်ထင်ရှားပြီးလူသိများတဲ့ ပညာရှင်တဦးက ဒေါ်လာဟာ လူသားတယောက်မဟုတ်ကြောင်းကို အကြောင်းရင်းများစွာနဲ့ ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ်ကို ရေးသားခဲ့တယ်။ သူက ဒေါ်လာဟာ ဝိညာဉ်တယောက်ဖြစ်တယ်လို့ သုံးသပ်တင်ပြခဲ့တယ်။

အဲဒီဆောင်းပါးက ဒေါ်လာဖန်တွေကို အကြီးအကျယ် စိတ်ဆိုးစေပြီး စကိုင်းနက်ပေါ်မှာ မပြီးဆုံးနိုင်တဲ့ စကားစစ်ထိုးပွဲတွေကို ဖြစ်စေခဲ့တယ်။ 

ဆောင်းပါးရှင်က သူ့ထင်မြင်ချက်ကို လုံးဝဆုပ်ကိုင်ထားပြီး ဒေါ်လာဟာ လူသားတယောက်ဖြစ်တယ်ဆိုရင်တောင် နတ်ဘုရားရဲ့သားတော်ဆယ်ယောက်ထဲကို ရောက်နိုင်ဖို့ အခွင့်အလမ်းမရှိဘူးလို့ ပြောခဲ့တယ်။ သူက ဒေါ်လာဟာ ပဉ္စမပွဲစဉ်မှာတင် အခက်ကြုံနိုင်ပြီး သတ္တမပွဲစဉ်ထက် ပိုလို့ ရောက်မှာ မဟုတ်လို့ ခန့်မှန်းခဲ့ပါတယ်။ 

ဟန်ဆန်းက ပဉ္စမပွဲစဉ်က သူ့ပြိုင်ဘက်ဟာ ဘယ်သူလဲလို့ ကြည့်ခဲ့တယ်။ သတ္တမပွဲစဉ်မှာ ဘယ်သူနဲ့ ယှဉ်ပြိုင်တို က်ခို က်ရမယ်ဆိုတာကိုပဲ ခန့်မှန်းနိုင်ခဲ့တယ်။ သူခန့်မှန်းထားတဲ့ သတ္တမပွဲစဉ်ရဲ့ပြိုင်ဘက်ကတော့ ခြူ ရာဘုရင်မလို့ ယူဆရတဲ့ ကျောက်စိမ်းခြူ ရာပါပဲ။ သူဟာ ပဉ္စမပွဲစဉ်မှာ ပြိုင်ဘက်ကောင်းတယောက်နဲ့ တွေ့လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ 

နေရေသားရဲဟာ စူပါသားရဲ ဆဲလ်ပြောင်းကောင်ဖြစ်ပြီး ပြိုင်ဘက်ဖြစ်လာမယ်လို့ ဟန်ဆန်းမသိခဲ့ပါဘူး။

ဒါပေမဲ့ ဟန်ဆန်းဟာ ထိပ်ဆုံးကို ရောက်ချင်တဲ့ လူတယောက်ဖြစ်တာမို့ ဘယ်သူနဲ့ကျကျ ဂရုမစိုက်ပါဘူး။ ကျောက်စိမ်းခြူ ရာကိုလဲ သူ့ညီမနဲ့ ဆက်စပ်လာနိုင်တာမို့ ဂရုစိုက်တာပါ။ မဟုတ်ရင် ဂရုမစိုက်ပါဘူး။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now