1366 - 1370

196 20 0
                                    


Super God Gene (1366)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၆၆)
-------- --------- -------- ------- -------
နတ်သွေးနှောလူသားအသင်းကြီးဟာ စတုတ္ထနတ်ဘုရားကမ္ဘာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေးစိတ်ဆန်းစစ်လေ့လာသုံးသပ်ဖို့ လိုအပ်မှုတွေရှိလာတာကြောင့် ပေါ်ပေါက်လာတာပါ။

တကယ်လို့ တစုံတယောက်ဟာ နတ်သွေးနှောလူသားဖြစ်နေရင် သတင်းအချက်အလက်တွေမပေးနိုင်ရင်တောင် အရေးမကြီးပါဘူး။ အစည်းအဝေးတွေတက်ပြီး ဟောပြောချက်တွေကို နားထောင်ပြီး ကိုယ့်ရှေ့ရေးအတွက် သုံးနိုင်ပါတယ်။

အဲဒါကြောင့် အုတ်ရောရောကျောက်ရောရောဖြစ်လာမှာကို တားဆီးတဲ့အနေနဲ့ နတ်သွေးနှောလူသားအသင်းဝင်ဖြစ်လာဖို့ ကြံ့ခိုင်မှုအညွှန်းကိန်း အနည်းဆုံးငါးထောင်ရှိရမယ်၊ လိုအပ်ရင် တိုက်ပွဲစမ်းသပ်မှုကို ခံယူရမယ်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

တိုက်ပွဲစမ်းသပ်မှုက လူတယောက်ကို အထိရောက်ဆုံး အကဲဖြတ်နိုင်တဲ့ နည်းလမ်းဖြစ်တယ်။ ဒီစမ်းသပ်မှုကို ဖြတ်ကျော်နိုင်မှ အသင်းဝင်ဖြစ်ပါမယ်။ မဖြတ်ကျော်နိုင်ရင် အသင်းဝင်မဖြစ်ပါဘူး။ တကယ်တော့ တိုက်ပွဲစမ်းသပ်မှုဟာ အသင်းဝင်လောင်းကို မသင်္ကာရင် စမ်းသပ်ဖို့ လုပ်ထားတဲ့ နည်းလမ်းတခုပါပဲ။

ဟန်ဆန်းဟာ မကြွားဝါချင်ပေမဲ့ အခြားသူတွေက သူ့ကို အားနည်းတယ်လို့ ထင်သွားမှာကိုလဲ မလိုလားပါဘူး။ အဓိက,ကတော့ အဘိုးဂျီကို စိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး။ အဘိုးဂျီက သူ့ကို တန်ဖိုးရှိတဲ့ အဖွဲ့ဝင်တယောက်ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ခေါ်လာခဲ့တာပါ။ အဲဒါကြောင့် သူ့ယုံကြည်ချက်ကို မပျက်စီးစေချင်ပါဘူး။

'' ဘာမှ မစိုးရိမ်နဲ့၊ မင်းလုပ်နိုင်ပါတယ် ''

အဘိုးဂျီက ဟန်ဆန်းအနီးရောက်လာပြီး ပခုံးကို ပုတ်ကာ အားပေးစကားပြောလိုက်ပါတယ်။

ဟန်ဆန်းဟာ သူတို့လူဟောင်းတွေကို အညွှန်းကိန်းငါးထောင်နဲ့ အံ့အားသင့်စေခဲ့ပြီးပါပြီ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now