1106 - 1110

202 19 0
                                    


Super God Gene (1106)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၀၆)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ အူလိမ်မတတ် ဗိုက်ဆာနေတယ်။ သူ့ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် မောပန်းနေပြီး အနားယူသင့်နေပြီဆိုတာ သူသိနေပေမဲ့ ထူးဆန်းတဲ့ ဆာလောင်မှုက သူ့ကို အနားမယူနိုင်အောင် စီးပိုးထားပါတယ်။

ဒီဆာလောင်မှုက အန္တရာယ်ရှိမှန်း သူသိပါတယ်။ ဒါပေမဲ့လဲ နတ်ဆိုးခန္ဓာကျင့်စဉ်က သူ့ကို မြန်မြန်ဆန်ဆန် နာလန်ထအောင် လုပ်ပေးနိုင်လိမ့်မယ်လို့လဲ ယုံကြည်နေပါတယ်။ ခက်တာက အဲ့ဒီလိုလုပ်ဖို့ စွမ်းအင်တွေ လိုအပ်ပါတယ်။ အဲ့ဒီစွမ်းအင်တွေကို ဘယ်နေရာက ရမှာလဲ။ ဘယ်နေရာကမှ ရနိုင်မယ်၊ မထင်ပါဘူး။ 

သူဟာ ခန္ဓာကိုယ်ထဲက ပုံဆောင်ခဲတွေကို ဖယ်ရှားပြီး ထိပ်ဆုံးကို ပြန်ရောက်ချင်တယ်။ ဒါပေမဲ့ အဲ့ဒီလို လုပ်ဖို့ သူ့မှာ စွမ်းအင်တွေရှိဖို့ လိုပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ သူ့မှာ လုံလောက်တဲ့ စွမ်းအင်တွေ မရှိသေးပါဘူး။ အခုအတိုင်းဆို မသေနိုင်တဲ့ ထာဝရရှင်သန်ခြင်းဟာ သူ့ကို ပျက်စီးခြင်းဆီကို တွန်းပို့တော့မဲ့ပုံပါပဲ။

'' လာမဲ့ဘေး ပြေးတွေ့ရတော့မှာပေါ့၊ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲလေ ''

ဟန်ဆန်းဟာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရင်း ထွတ်မြတ်သွေးအသားတွေကို ခေါင်းမဖော်တမ်း စားနေတယ်။

'' ဟန်ဆန်းရေ... စား... စား... ဘာမှ စဉ်းစားမနေနဲ့... ''

ဒါပေမဲ့ အသားတွေက သူ့အတွက် ဆင်ပါးစပ်နှမ်းပက်သလို ဖြစ်နေတယ်။ ဒါပေမဲ့ အဆီများတဲ့ အနီရောင်အသားတလုပ်စာတိုင်းဟာ အာဟာရပြည့်ဝတယ်ဆိုတဲ့ အကောင်းဆုံးမျိုးရိုးဗီဇဖျော်ရည်ထက် ပိုကောင်းတယ်လို့ သူထင်မြင်မိပါတယ်။

ဒီလိုနဲ့ နောက်ထပ်အသားဖဲ့ကြီးတဖဲ့ ကုန်သွားတယ်။ ဒါပေမဲ့ အစာအိမ်ရဲ့ တောင်းဆိုမှုက မရပ်တန့်သေးဘူး။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေဟာ သူ့နှလုံးသားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်တော့ဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now