1026 - 1030

199 28 0
                                    

Super God Gene (1026)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၀၂၆)
-------- --------- -------- ------- --------
အရိပ်မည်းရောက်လာတဲ့အခါ မြေပြင်တစ်ခုလုံး အမှောင်ဖုံးလွှမ်းသွားသလို ခံစားလိုက်ရတယ်။

အရိပ်မည်းက မြေခွေးတကောင်ပါ။ သူ့ပုံစံက ငွေမြေခွေးနဲ့ မတူဘူး။ သူ့အမွေးတွေက အမည်းရောင်ဖြစ်ပြီး သူ့မျက်လုံးတွေထဲမှာ သတ်ဖြတ်ချင်တဲ့ အရိပ်အယောင်တွေ အပြည့်ရှိတယ်။ တကယ့်ကို ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတကောင်ပါပဲ။ 

သူ့မှာ လှုပ်ယမ်းနေတဲ့ ထူးထူးဆန်းဆန်း အမြီးကိုးခုရှိပြီး အဲ့ဒီအမြီးတွေကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ပုံရိပ်ယောင်တွေက ဝိုင်းပတ်ထားတယ်။

အမြီးကိုးချောင်းနဲ့ မြေခွေးဟာ သူတို့ဆီကို တစ္ဆေတကောင်လို ချဉ်းကပ်လာတယ်။ နီးလာတာနဲ့အမျှ လေထုဖိအားများလာတယ်။ လေထုဟာ လေးလံလာတယ်။ ဟန်ဆန်းဟာ မြေပြင်ပေါ်ကို အချိန်မရွေး လဲကျသွားနိုင်တယ်လို့ ခံစားနေရတယ်။

မြေခွေးရဲ့ မျက်လုံးတွေက တစ္ဆေဆန်ပြီး ကြောက်စရာကောင်းတဲ့အပြင် သူ့မျက်တွင်းတွေက ချောင်နေပြီး တခါတခါ ဟာလာဟင်းလင်း ဖြစ်နေသလို ထင်ရတယ်။

မြေခွေးက ဟန်ဆန်းကို လှမ်းကြည့်လိုက်တယ်။ ဟန်ဆန်းဟာ သူ့ပခုံးပေါ်ကို ဧရာမဖိအားတခုနဲ့ လာဖိသလို ခံစားလိုက်ရတယ်။ ဟန်ဆန်းဟာ အသက်ရှူ မဝသလိုလဲ ခံစားလိုက်ရတယ်။

ဟန်ဆန်းမှာ အဋ္ဌမအာရုံမရှိပေမဲ့ မြေခွေးက သူ့ကို သတ်ချင်ကြောင်း ကောင်းကောင်းသိပါတယ်။

မြေခွေးနဲ့ ရင်ဆိုင်ရတာဟာ အငြိုးကြီးပြီး ဉာဏ်များတဲ့ တစ္ဆေတကောင်နဲ့ ရင်ဆိုင်နေရသလိုပဲ။

“ ဒီတောင်တန်းကို တစ္ဆေတောင်တန်းလို့ ခေါ်တာ ဒီမြေခွေးကြောင့်လား ''

ဟန်ဆန်းက သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်တယ်။ ဒီမြေခွေးကြောင့် ဒီတောင်တန်းဟာ တစ္ဆေတောင်တန်းလို့ အမည်တွင်ခဲ့တဲ့ ပုံပါပဲ။

'' ဟောင်း ''

ငွေမြေခွေးလေးက တစ္ဆေမြေခွေးကို ကြည့်ပြီး အူလိုက်တယ်။ သူက 'ဟန်ဆန်းကို ထွက်သွားခွင့်ပေးပါ'လို့ တောင်းပန်နေသလိုပဲ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now