1226 - 1230

169 19 0
                                    


Super God Gene (1226)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၂၆)
-------- --------- -------- ------- -------
ဟန်ဆန်းဟာ ညဝတ်ရုံကို ခြုံပြီး မိုးကြိုးငရဲရဲတိုက်ထဲကို ညတိုင်းခိုးဝင်ခဲ့တယ်။ ဆဋ္ဌမညမှာ မိုးကြိုးဥယျာဉ်ထဲမှာ စူပါသားရဲတွေနဲ့တော်ဝင်ဝိညာဉ်တွေ အရေအတွက်အတော်လေးလျော့နည်းလာတာကို တွေ့ရှိခဲ့တယ်။ အဲဒါကို ကြည့်ပြီး တိုက်ခိုက်ချိန်တန်ပြီလို့ ဟန်ဆန်းနားလည်လိုက်ပါတယ်။

သူဟာ မြေအောက်ရဲတိုက်ကို ချက်ချင်းပြန်သွားပြီး ဝိညာဉ်ကျောက်တုံးကိုယူနိုင်မဲ့ အစီအစဉ်တခုကို ရေးဆွဲခဲ့ပါတယ်။

ဟန်ဆန်းဟာ ဥယျာဉ်ကို နှစ် ညတိတိ စောင့်ကြည့်ခဲ့တယ်။သူဟာ မိုးကြိုးငရဲဧကရာဇ် အမှန်တကယ် ထွက်သွားကြောင်း သေချာစေလိုတယ်။ အထူးချွန်ဆုံးတော်ဝင်ဝိညာဉ်တွေနဲ့ စူပါသားရဲတွေကိုလဲ သူနဲ့အတူ ပါသွားစေချင်တယ်။ ဧကရာဇ်ခရီးထွက်သွားတာ မှန်ခဲ့ရင် အတော်ဝေးဝေးကို ရောက်တဲ့အထိ စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဓိက,က ဧကရာဇ်ဟာ ချက်ချင်းပြန်မလာနိုင်တဲ့ အကွားအဝေးတခုမှာ ရောက်နေရပါမယ်။  

ဟန်ဆန်းဟာ ဧကရာဇ်ခရီးထွက်သွားပြီလို့ အတည်ပြုပြီးနောက် ဖြစ်လာနိုင်တဲ့ အရာရာကို မျှော်ကြည့်လိုက်တယ်။ သို့တိုင် ဝိညာဉ်ခန်းမမှာ ဘယ်အရာက စောင့်ဆိုင်းနေမယ်ဆိုတာကို သူ,မသိပါဘူး။ ခန်းမထဲကို ဝင်သွားရင် ညဝတ်ရုံက အသုံးဝင်တော့မှာ မဟုတ်ပါဘူး။

တတိယညမှာ ဟန်ဆန်းက တော်ဝင်ဝိညာဉ်တွေနဲ့ စူပါသားရဲတွေကို ကျောက်စိမ်းပုလင်းထဲမှာ ထည့်ပြီး မိုးကြိုးငရဲရဲတိုက်ထဲကို ခေါ်သွားခဲ့တယ်။

ဝိညာဉ်ခန်းမဟာ ဥယျာဉ်အနီးမှာရှိတယ်။ မိုးကြိုးငရဲဧကရာဇ်ရဲ့ စူပါသားရဲတွေနဲ့ တော်ဝင်ဝိညာဉ်တွေဟာ ဒီတခေါက်လဲ ဟန်ဆန်းဝင်ရောက်လာတာကို သတိမပြုမိပါဘူး။

သူတို့သတိပြုမိခဲ့ရင်လဲ သတိပြုမိတဲ့အချိန်မှာ ဟန်ဆန်းက ဝိညာဉ်ခန်းမကို ရောက်ရှိနေရော့မယ်။

ဟန်ဆန်းက ဝိညာဉ်ခန်းမထဲမှာ ကင်းစောင့်အဖြစ် စူပါသားရဲဘယ်နှကောင်ရှိမလဲလို့ တွေးနေခဲ့တယ်။ တကောင်နှစ်ကောင်က ကိစ္စမရှိပေမဲ့ အများကြီးရှိမှာကိုတော့ စိုးရိမ်ပါတယ်။ ခန်းမထဲကို ရောက်လို့ ဝိညာဉ်ရုပ်တုအနီးကို ချဉ်းကပ်သွားတဲ့အခါ သူရှိနေတာ ပေါ်မသွားဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ ခန်းမထဲရောက်ရင်တာ့ ဝိညာဉ်ကျောက်တုံးကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မရ,ရအောင် ယူရပါမယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now