1696 - 1700

45 6 0
                                    

Super God Gene (1696)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၆၉၆)
-------- --------- -------- ------- ------
ရိုကာဂြိုဟ်ပေါ်မှာ...

အနက်ရောင်ဝတ်ဆင်ထားတဲ့ သားရဲခုနစ်ကောင်ဟာ ဟန်ဆန်းအိမ်အထက်က လေထဲမှာ ပျံသန်းရင်း အောက်ကို ငုံ့ကြည့်နေကြတယ်။

" ယာခယ်... ခင်ဗျားက အရမ်းအလေးအနက်ထားနေသလိုပဲ၊ ဒါက ဟန်ဆန်းရဲ့မိသားစုပဲလေ၊ သူတို့က ဟန်ကျင့်ရှီကနေ ဆင်းသက်လာတယ်လို့ အတည်မပြုနိုင်သေးဘူး၊ တကယ်လို့ သူတို့က ဟန်ကျင့်ရှီရဲ့ မျိုးဆက်တွေဖြစ်နေခဲ့ရင်တောင် ခင်ဗျားဘက်မှာ ကျနော်နဲ့ ရူဒီ ရှိတယ်၊ ပြီးတော့ ဘတ်လဲရှိတယ် ''

ဂူဂျီယာက ယာခယ်ကို ပြောလိုက်တယ်။

ယာခယ်ရဲ့အကြည့်က ဟန်မေ့အာဆီမှာ ရှိတယ်။ ပန်းခြံထဲမှာ အတူတူစားသောက်နေကြတဲ့ ဂျီရန်လန်၊ ဇီရိုး၊ ပေ့အာနဲ့ ညလူတို့ကိုလဲ သူမြင်ပါတယ်။

" သတိထားပါ၊ မြွေစုန်းမ၊ ကျားနက်နဲ့ လို့ကျားတို့အားလုံး ေသဆုံးသွားကြတယ်၊ ဟန်ကျင့်ရှီက သူတို့ကို ကာကွယ်နေတယ်လို့ ကျနော်ထင်တယ်၊ ကျနော်တို့ရဲ့ ပြိုင်ဘက်က ဟန်ဆန်းမဟုတ်ပါဘူး၊ ဟန်ကျင့်ရှီပါ ''

ယာခယ်က ပြောလိုက်တယ်။ အဲဒီနောက် ဆံပင်ဖြူဖြူနဲ့လူတယောက်ကို စကားလှမ်းပြောခဲ့တယ်။

" အဖွဲ့အစည်းသစ်ခေါင်းဆောင်... ခင်ဗျား ဘယ်လိုလုပ်ထားလဲ "

ဟန်ယုဖေးက ပြန်ဖြေလိုက်တယ်။

" ကျနော်တို့အဖွဲ့အစည်းသစ်က ရိုကာဂြိုဟ်နဲ့ ပြင်ပဂလက်ဆီတွေကြားက အဆက်အသွယ်အားလုံးကို ဖြတ်တောက်ထားလိုက်ပြီ၊ နောက်နှစ်ရက်လုံး ဘယ်သူမှ ဒီဂြိုဟ်ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး၊ ဂျီမိသားစုကိုတော့ ကျနော် ယတိပြတ် အာမမခံနိုင်ဘူး၊ ဒါပေမဲ့ အာမခံနိုင်တာကတော့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတစုံတရာကို သူတို့က အနည်းဆုံးသုံးနာရီကြာမှ လက်ခံရရှိလိမ့်မယ်၊ နောက်ပြီး ရိုကာဂြိုဟ်ရဲ့လေပိုင်နက်ထဲကို တခြားလူသားတွေ ချဉ်းကပ်လို့ မရအောင် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ယာယီတပ်ဆင်ထားတယ် ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now