1256 - 1260

186 19 0
                                    

Super God Gene (1256)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၅၆)
-------- --------- -------- ------- -------
ရေပူဖောင်းဟာ ပေါက်ကွဲသွားပြီး သစ္စာမဲ့သူရဲကောင်းဟာ သွေးရောင်ရေတွေနဲ့ အဖြန်းခံလိုက်ရတယ်။

သစ္စာမဲ့သူရဲကောင်းရဲ့ ခြေထောက်ဟာ မြေကြီးမှာ ကပ်နေခဲ့တယ်။ သွေးနီရောင်ရေတွေက အလွန်စေးကပ်တဲ့ ကော်နဲ့တူပါတယ်။

အခု သစ္စာမဲ့သူရဲကောင်းရဲ့ ခြေထောက်တွေဟာ လှုပ်လို့ မရတော့ဘူး။ သူဟာ အားတကုန်ရုန်းကြည့်ပေမဲ့ သူ့ခြေထောက်ဟာ သံနဲ့အရိုက်ခံထားရသလို သွေးနီရောင်ရေထဲကနေ နုတ်လို့မရဖြစ်နေပါတယ်။

သစ္စာမဲ့သူရဲကောင်းဟာ နုတ်မရတော့ အမြင့်ခုန်ကြည့်ခဲ့တယ်။ သူဟာ ခဏလောက် လွတ်လပ်သွားပါတယ်။ ဒါပေမဲ့ ကော်က ပီကေလိုလဲ ဆွဲဆန့်နိုင်ပါတယ်။ ပေအနည်းငယ်အထိ မြင့်တက်ပြီးတဲ့နောက် ကော်က သူ့ကို ပြန်ဆွဲချသွားခဲ့တယ်။

သစ္စာမဲ့သူရဲကောင်းက မြေကြီးကို လက်ဝါးနဲ့ ရိုက်လိုက်ရာ သွေးနီရောင်ရေနဲ့တူတဲ့ ကော်တွေက စဉ်ပြီး သူ့ခန္ဓာကိုယ်မှာ ကပ်သွားတယ်။ အခု သူဟာ လဲကျပြီး မြေကြီးမှာ တောက်တဲ့လို ကပ်နေပါတယ်။ 

သစ္စာမဲ့သူရဲကောင်းဟာ အရှုံးမပေးဘဲ ဆက်ရုန်းခဲ့တယ်။ ဒါပေမဲ့ အချည်းနှီးပါပဲ။

ဟန်ဆန်းဟာ ရေပူဖောင်းတွေရဲ့အစွမ်းကို နားလည်သွားတယ်။ အဲဒါကြောင့် သူက တော်ဝင်နတ်မိမယ်ကို ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမဲ့ ရေပူဖောင်းတွေက အရေအတွက်များတာကြောင့် တိုက်ပွဲဧရိယာကို အလျင်အမြန် ဖြန့်ကြက်နေရာယူထားလိုက်တယ်။

ဟန်ဆန်းဟာ ဖီးနစ်ဓားနဲ့ တိုင်အိုင်းဓားကို ထုတ်ယူလိုက်တယ်။ သူက ရေနီတွေကို ထုတ်ပေးတဲ့ ရေပူဖောင်းတလုံးကို ဖီးနစ်ဓားနဲ့ ခုတ်လိုက်တယ်။

အခု ဘာဖြစ်မယ်ဆိုတာ သူသိနေပြီမို့ ရေပူဖောင်းပေါက်ကွဲပြီးတဲ့နောက် ချက်ချင်းပဲ ရေမစဉ်အောင် ရှောင်တိမ်းလိုက်တယ်။ ဒါပေမဲ့  ဖီနစ်ဓားပေါ်မှာ ရေနီတချို့ ကပ်ကျန်ခဲ့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now