1221 - 1225

179 21 0
                                    


Super God Gene (1221)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၂၁)
-------- --------- -------- ------- -------
ဟန်ဆန်းဟာ သူ့ရှေ့က ဝိညာဉ်ကျောက်တုံးကို ကြည့်ပြီး လောဘတက်လာတယ်။ သူက ရုပ်တုရဲ့ နဖူးဆီကို ပျံသန်းကာ ကျောက်တုံးကို ဆွဲယူဖို့ ကြိုးစားလိုက်တယ်။ ဝိညာဉ်ကျောက်တုံးကို လိုချင်ရင် မူလအသွင်ကို ဝိညာဉ်ပြန်မရခင် ဝိညာဉ်ကျောက်တုံးကို ဆွဲယူရမှာ ဖြစ်ပါတယ်။

သားရဲတွေက တားဆီးတဲ့အနေနဲ့၊ ဟန်ဆန်းကို ဟိန်းဟောက်မာန်ဖီခဲ့ကြတယ်။ သူတို့က ကျူ းကျော်လာသူကို သူတို့သခင်ကိုယ်စား ဟန့်တားနေသလိုပါပဲ။

ဟန်ဆန်းက သူတို့ကို ဂရုစိုက်မနေဘဲ ဝိညာဉ်ကျောက်တုံးကို ယူဖို့ အပြေးအလွှား သွားခဲ့တယ်။ ဒါက အခုမှ ပြန်လည်မွေးဖွားလာတဲ့ မွေးခါစဧကရာဇ်ကို ထိန်းချုပ်နိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးပါပဲ။ ပြီးတော့ အံ့ဩစရာကောင်းလောက်အောင် ရှားပါးတဲ့ အခွင့်အရေးလဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လျစ်လျူ ရှုသူဟာ မိုက်မဲသူပါပဲ။

သားရဲတွေက သူ့ကို ဟန့်တားဖို့ လာကြပေမဲ့ သူက သူတို့ထက် ပိုမြန်ပါတယ်။

ဟန်ဆန်းရဲ့လက်ချောင်းတွေက ဝိညာဉ်ကျောက်တုံးနဲ့ ထိခါနီးမှာ ခရမ်းရောင်အလင်းတန်းတခုဟာ ကျောက်တုံးထဲကနေ ထွက်လာပါတယ်။ 

ဟန်ဆန်းက အလင်းကို ထိလိုက်တဲ့အခါ အလင်းဟာ ဓားတလက်လို ထက်မြက်နေခဲ့ပြီး သူ့ကို သွေးထွက်စေခဲ့ပါတယ်။ မကြာခင် အလင်းတန်းဟာ ဓားတလက်ရဲ့ ပုံသဏ္ဌာန်ကို ယူပြီး ကျောက်တုံးကို ချဲ့ထွင်ကာ ထွက်လာပါတယ်။

ဟန်ဆန်းဟာ လက်ကို အလျင်အမြန် ပြန်ရုပ်ပြီး ကုသလိုက်တယ်။ ပြီးနောက် ဝိညာဉ်ကျောက်တုံးကို နောက်တကြိမ် ကြည့်လိုက်တယ်။ စောစောက အလင်းဟာ လူသားပုံသဏ္ဌာန် စုဝေးနေတာကို တွေ့လိုက်ရပါတယ်။

ဟန်ဆန်းဟာ ဝိညာဉ်ရဲ့မျက်နှာကို မမြင်ရပေမဲ့ ခရမ်းရောင်မီးခိုးတွေဟာ လူသားပုံသဏ္ဌာန်ရဲ့ ကျောပေါ်မှာ အတောင်ပံတွေအဖြစ် ဖြစ်ပေါ်လာပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now