1281 - 1285

179 17 0
                                    


Super God Gene (1281)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၈၁)
-------- --------- -------- ------- -------
" အရင်က သခင်မြင်ခဲ့တာက အပျင်းပြေအဆင့်ပဲ ရှိသေးတယ် '' 

အရုပ်က ပြောလိုက်တယ်။

" ကောင်းပြီ... ဒါဆိုလဲ အစစ်အမှန်တွေကို ပြလေ... '' 

ဟန်ဆန်းက အရုပ်ကို ကြည့်ပြီး ပြောလိုက်တယ်။ နဂါးကို ဆင့်ခေါ်ပြီး နဂါးစီးတာက အပျင်းပြေဆိုရင် သူမက ဘယ်လောက်တောင် သန်မာနေတာလဲ။ သူသိချင်ခဲ့မိပါတယ်။

" သူက နဂါးတွေကို အုပ်စုလိုက်ဆင့်ခေါ်ပြမှာလား ''

ဟန်ဆန်းက ခန့်မှန်းကြည့်လိုက်တယ်။

အရုပ်က သူပြချင်တာကို တကယ်ထုတ်ပြလိုက်တဲ့အခါ ဟန်ဆန်းဟာ အံ့သြသွားရပါတယ်။

အရုပ်က လက်တဖက်ကို ဝှေ့ယမ်းပြီး နဂါးခေါင်းကို ခုတ်ဖြတ်ပစ်လိုက်တယ်။

ဟန်ဆန်းဟာ စားဖိုမှူးများစွာရဲ့ ချက်ပြုတ်ဖို့ ပြင်ဆင်လှုပ်ရှားဟန်တွေကို တွေ့မြင်ခဲ့ဖူးပေမဲ့လဲ အခုလိုမျိုး နဂါးကို ချက်ပြုတ်ဖို့ ပြင်ဆင်နေတာကိုတော့ တခါမှ မတွေ့ဖူးပါဘူး။

သူမရဲ့လက်တွေဟာ ဓားအကောင်းစားတွေနဲ့တူတယ်။ သူမဟာ နဂါးကို အမွေးရိတ်၊ အရေခွံခွာ၊ အသားတွေဖျင်ပြီး အရွယ်တော်အတုံးလေးတွေဖြစ်အောင် တုံးခဲ့တယ်။ ပြီးနောက် ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ပါတယ်။

အရုပ်က ဒယ်အိုးတအိုးကို လေထဲကနေ ဆင့်ခေါ်လိုက်တယ်။ အဲဒါကလဲ ဟန်ဆန်းကို အံ့အားသင့်စေခဲ့ပါတယ်။

မြေအောက်ရဲတိုက်မှာ အရိုးတွေဘာလို့တောင်လိုပုံနေလဲဆိုတာကို အခုတော့ ဟန်ဆန်းသိလိုက်ပါပြီ။ အစားအသောက်ခုံမင်တဲ့ မြေအောက်ရဲတိုက်သခင်ဟာ သားရဲအမြောက်အမြားကို သတ်ဖြတ်စားသောက်ခဲ့လိမ့်မယ်။ ဒီလိုဆိုတော့လဲ ရဲတိုက်အနီးကို သားရဲတွေမကပ်ဝံ့တာ အံ့ဩစရာမဟုတ်တော့ပါဘူး။

အရုပ်စားဖိုမှူ းက နဂါးနက်အသားဟင်းကျက်တဲ့အခါ သူ့ရှေ့ကို ဟင်းတပွဲယူလာခဲ့တယ်။

" အမ်း... ဒါက စားလို့ တကယ်ရတာလား... "

ဟန်ဆန်းက အတည်ပြုချက်ယူသလိုမျိုး မေးခဲ့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now