1386 - 1390

195 15 0
                                    


Super God Gene (1386)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၈၆)
-------- --------- -------- ------- -------
တောင်နက်ဟာ ပြိုင်ဘက်ကို မြင်တဲ့အခါ မျက်မှောင်ကြုတ်လိုက်မိတယ်။  ပြိုင်ဘက်ဟာ အလွန်လျှို့ဝှက်တယ်။ သူ့မျက်နှာကိုတောင် ထုတ်မပြခဲ့ဘူး။ အဲဒါကြောင့် သူဟာ အနက်ရောင်အရိပ်တခုကိုပဲ မြင်ခဲ့ရတယ်။

ဟန်ဆန်းဟာ သူ့ခန္ဓာကိုယ်တခုလုံးကို တုံရွမ်အော်ရာနဲ့ ဖုံးကွယ်ထားခဲ့တယ်။ သူ့ပြိုင်ဘက်က သူ့ထက် သန်မာရင်၊ ဒါမှမဟုတ် သူ့ကို မှတ်မိသွားရင်၊ သူ့အတွက် အန္တရာယ်ရှိပါတယ်။ သူ့ပြိုင်ဘက်မှာ မျက်စိအမြင်ကို မြှင့်တင်ပေးနိုင်တဲ့ မျိုးရိုးဗီဇအဆီအနှစ်ရှိခဲ့ရင်လဲ ပြဿ     နာများပါတယ်။ အဲဒါကြောင့် ကာကွယ်ပြီးသားဖြစ်အောင် တကိုယ်လုံးလုံတဲ့ အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်လာခဲ့ပါတယ်။

" ငါ့နာမည်က တောင်နက်၊ ထွတ်မြတ်ရဲတိုက်မှာ နေတယ်၊ မင်းနာမည်က ဘယ်သူဘဲ၊ ဘယ်မှာနေလဲ၊ ငါ့ကိုပြောပါ '' 

တောင်နက်ဟာ ပြိုင်ဘက်ရဲ့မျက်နှာကို မမြင်ရဘူး။ အဲဒါကြောင့် ဝိညာဉ်လား၊ သားရဲလား၊ မခွဲခြားနိုင်ဘူး။ ဒါပေမဲ့ သူ့ပြိုင်ဘက်ဟာ လူသားတယောက်လို့တော့ သူ,မထင်ခဲ့ပါဘူး။ သူဟာ ဘယ်အရာထက်မဆို နံပါတ်တစ်ပဲ ပိုဖြစ်ချင်ခဲ့တယ်။ တကယ်တော့ သူဟာ သူ့ပြိုင်ဘက်ဘယ်သူဖြစ်တယ်ဆိုတာကို စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ထွတ်မြတ်ရဲတိုက်ပိုင်ရှင်က ပြိုင်ဘက်ဘယ်သူဆိုတာကို စုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးလိုက်တာကြောင့် တာဝန်အရ သူမေးခဲ့ရတာပါ။

ဟန်ဆန်းက ပြိုင်ဘက်ကို ဥနဲ့ ပစ်ပေါက်လိုက်တယ်။ ဥဟာ ကျည်ဆန်တတောင့်လို လေထုကို ထိုးခွဲသွားတယ်။ 

တောင်နက်ဟာ အံ့အားသင့်သွားတယ်။ ပြိုင်ဘက်ဟာ အလျင်လိုနေလိမ့်မယ်လို့ သူ,မထင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ဆီကို နံပါတ်တစ်နေရာကို မျိုးရိုးဗီဇအဆီအနှစ်လာနေတာကြောင့် သူ,မပေါ့ရဲပါဘူး။ အဲဒါကြောင့် နှလုံးဘီးကို အလျင်အမြန် ဆင့်ခေါ်လိုက်ပါတယ်။ 

သူဟာ သားရဲတကောင်ဖြစ်တာမို့ သေသွားနိုင်ပါတယ်။
နှလုံးဘီးရဲ့ အဝါရောင်အလင်းရဲ့ ဧရိယာဟာ အတော်ကျယ်တယ်။ အဲဒီဧရိယာထဲ ဥရောက်သွားရင် တောင့်တင်းသွားလိမ့်မယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now