1376 - 1380

182 16 0
                                    


Super God Gene (1376)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၇၆)
-------- --------- -------- ------- -------
ဟန်ဆန်းအံ့သြသွားတယ်။ သူ့ရှေ့ကသုံးယောက်ဟာ နန်လီထျန်းလို သန်မာတယ်။ သူတို့ဟာ ရဲတိုက်ကို သိမ်းပိုက်ချင်နေပေမဲ့လဲ တစုံတရာကို သံသယဝင်ပြီး ကြောက်နေပုံရတယ်။

ဟန်ဆန်း ခန်းမထဲ ဝင်လာတဲ့အခါ သူတို့အားလုံးက သူ့ကို ချက်ချင်း စူးစိုက်ကြည့်လိုက်ကြတယ်။

သူတို့ဟာ ဒီနေရာအကြောင်း ကောင်းကောင်းသိတယ်။ ဒီနေရာမှာ ဘယ်သူတွေနေတယ်ဆိုတာလဲ သိတယ်။ သူတို့ ဟာ ဟန်ဆန်းလို သူစိမ်းတယောက် ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူး။

ဒါ့အပြင် သူက နန်လီထျန်းလို လူသားတယောက်ဖြစ်ပြီး သိပ်သန်မာတဲ့ပုံလဲ မပေါ်ပါဘူး။ 

ဝိညာဉ်က ပြုံးပြီး ပြောလိုက်တယ်။

" နောက်ထပ်လူသားတယောက်လား၊ လူတယောက်က ငါတို့ကို အချိန်ဒီလောက်အကြာကြီး အုပ်ချုပ်ခဲ့ပြီးပြီ၊ မင်းတို့က နောက်ထပ်လူသားတယောက်အုပ်ချုပ်တာကို ခံချင်နေသေးလား၊ ငါတို့ တခုခု မဆုံးဖြတ်ခင် သူ့ကို အရင်ရှင်းသင့်တယ် ''

သန္ဓေပြောင်းသားရဲနှစ်ကောင်ဟာ ဒေါသထွက်နေပုံရတယ်။

ဟန်ဆန်းက ''စတုတ္ထနတ်ဘုရားကမ္ဘာမှာလဲ ဝိညာဉ်တွေက လူသားတွေကို မုန်းနေတာလား''လို့ တွေးလိုက်မိတယ်။ ပြီးတော့ မပြီးမပြတ် မတင်မကျ ဖြစ်နေတဲ့ အခြေအနေကို နည်းနည်းအေးသွားအောင် ဟန်ဆန်းဟာ ဆုံးဖြတ်ချက်မချရသေးတဲ့ သန္ဓေပြောင်းသားရဲနှစ်ကောင်ကို စည်းရုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

" ကျေးဇူးပြု ပြီး သူ့စကားကို နားမထောင်နဲ့၊ မင်းတို့ ငါတို့မှာ အသက်က တသက်ပဲရှိတယ်၊ သူတို့ဝိညာဉ်တွေကတော့ မင်းတို့သိတဲ့အတိုင်း သေသွားရင်လဲ အသက်ပြန်ရှင်နိုင်တယ်၊ ပြီးတော့ သူက ရဲတိုက်ကို ရပြီးသွားတဲ့နောက်မှာ မင်းတို့ကို သစ္စာမဖောက်ဘူးလို့ မင်းတို့အာမခံနိုင်လား၊ မင်းတို့ ငါပြောတာကို ခေါင်းအေးအေးနဲ့ စဉ်းစားကြည့် ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now