1541 - 1545

124 10 0
                                    


Super God Gene (1541)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- -------
အခန်း (၁၅၄၁)
-------- --------- -------- ------- ------
အနီရောင်အလင်းက ခွေးနက်ရဲ့ပါးစပ်ထဲကထွက်လာတဲ့ အနက်ရောင်အလင်းကို ဖြတ်တောက်လိုက်တယ်။

တချိန်တည်းမှာပဲ ဟန်ဆန်းက ခွေးနက်အနီးကနေ ဖြတ်ကျော်သွားရင်း ''ဓာတ်လုံးကို သတိရလား''လို့ မေးခဲ့တယ်။

ခွေးနက်ဟာ မျက်လုံးတွေပြူ းကျယ်သွားပြီး ဟန်ဆန်းဘာလိုချင်တယ်ဆိုတာကို ရှာဖွေဖို့ ကြိုးစားလိုက်ပေမဲ့ ထိုက်အိုင်းဓ ားက သူ့ခေါင်းကို ဖြ တ်သွားခဲ့တယ်။

ခွေးနက်ရဲ့ခေါ င်းပြတ်ကြီးဟာ ကြောက်ရွံ့မှုနဲ့ရှုပ်ထွေးမှုတွေကို ဖော်ပြလျက် လေထဲမှာ လွင့်မျောရင်း အောက်ကို ပြုတ်ကျသွားပါတယ်။

အားလုံးဟာ ခွေးနက်ရဲ့အဖြစ်ကို ကြည့်ရင်း အေးစက်တောင့်တင်းသွားကြတယ်။ အဖြစ်အပျက်က အရမ်းကို မြန်လွန်းခဲ့ပါတယ်။

လူသားတယောက်က နတ်မိမယ်အရမ်းချစ်တဲ့ ခွေးနက်ကို သ တ်ပစ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ကြပါဘူး။

နတ်မိမယ်ဟာ သူမသိပ်ချစ်ရတဲ့ ခွေးနက်ရဲ့အဖြစ်ကို ကြည့်ရင်း မျက်လုံးတွေပြူ းကျယ်လျက် မှင်တက်မိနေခဲ့တယ်။

ကျောက်စိမ်းခြင်္သေ့လေးလဲ အံ့အားသင့်ပြီး တောင့်တင်းအေးစက်နေတယ်။ သူက ဟန်ဆန်းဟာ ချက်ချင်းသတ်ဖြတ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ နောက်ပြီး သ တ်ဖြတ်တာကို ခွေးနက်နဲ့စတင်လိမ့်မယ်လို့လဲ လုံးဝမမျှော်လင့်ခဲ့ဘူး။ 

ခွေးနက်ရဲ့သမိုင်းဟာ ကြီးကျယ်ခမ်းနားတယ်။ သူဟာ နတ်မိမယ်နဲ့ဆွေမျိုးတစတော်တဲ့ စူပါသားရဲတကောင်ရဲ့ အမွေခံဖြစ်ပြီး ထွတ်မြတ်သွေးရဲတိုက်မှာ နာမည်ကျော်ကြားထင်ရှားသူတယောက်လဲ ဖြစ်ပါတယ်။

ထိတ်လန့်စရာကောင်းတာက သမိုင်းကြောင်းကြီးမားတဲ့ ခွေးနက်ကို ဟန်ဆန်းက ဓားချက်တချက်တည်းနဲ့ သ တ်ပစ်လိုက်တာပါ။ ခွေးနက်ဟာ ပြန်လည်တို က်ခိုက်ဖို့ အခွင့်အရေးတခုတောင် မရခဲ့ပါဘူး။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now