1146 - 1150

199 19 0
                                    


Super God Gene (1146)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၄၆)
-------- --------- -------- ------- -------
ဟန်ဆန်းက ယာရှာရဲ့လမ်းကို ထပ်ပိတ်လိုက်တယ်။

" မင်းတကယ်သေချင်နေတာလား၊ သေချင်ရင် သေစေရမယ် ''

ယာရှာဟာ ဟန်ဆန်းကို အလွန်ဒေါသထွက်နေတယ်။ ဟန်ဆန်းနဲ့ သစ္စာမဲ့သူရဲကောင်းဟာ သူ့အချိန်တွေကို လာဖြုန်းနေကြတယ်။ သူဟာ သူတို့ကို အရင်ဆုံး ပထုတ်ရလိမ့်မယ်။

ယာရှာရဲ့အတောင်ပံတွေဟာ အလွန်မြန်တယ်။ ဒါပေမဲ့လဲ အဲဒါက တချိန်လုံးမြန်နေနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ သူ့မှာလဲ အချိန်သတ်မှတ်ချက်ရှိပါတယ်။

ယာရှာဟာ အတောင်ပံတွေကို ခတ်လျက် ဟန်ဆန်းရှေ့ကို ဝှစ်ခနဲ ရောက်သွားတယ်။

ယာရှာက ဟန်ဆန်းကို လက်သည်းနဲ့ ဖမ်းကုတ်လိုက်တယ်။ ဒါပေမဲ့ ဟန်ဆန်းက ရှောင်တိမ်းနိုင်ခဲ့တယ်။

ယာရှာက အံ့အားသင့်ကာ မျက်နှာပုတ်သိုးသိုးနဲ့ ရေရွတ်လိုက်တယ်။

" တိုက်ဆိုင်ပြီး ကံကောင်းသွားတာပဲ ဖြစ်ရမယ်၊ ငါ ယာရှာရဲ့ မြန်နှုန်းမြင့်ကုတ်ချက်ကို ဘယ်လိုလုပ်ပြီး ရှောင်နိုင်မလဲ "

ဟန်ဆန်းဟာ သူလုပ်ခဲ့တာကို ပြန်တွေးရင်း သဘောကျနေမိတယ်။ သူဟာ ယာရှာထက် အများကြီးနှေးတယ်။ ဒါပေမဲ့ သူက တုံရွမ်ခန္ဓာကျင့်စဉ်ရဲ့ ပဉ္စမသော့ကို ဖွင့်ပြီး ယာရှာရဲ့စိတ်ကို ဖတ်ကာ အချိန်ကိုက် လှုပ်ရှားခဲ့တယ်။ အဲဒါကြောင့် ယာရှာရဲ့ လက်သည်းကုတ်ချက်ကို အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ပါတယ်။

ယာရှာဟာ ဟန်ဆန်းကို သုတ်သင်သတ်ဖြတ်ပစ်ချင်တယ်။ ဟန်ဆန်းက သူဘာတွေးနေတယ်ဆိုတာကို အတိအကျ သိပါတယ်။

" ဒီလောက်တောင် ငါကို လာရှုပ်နေတဲ့ကောင်... သူ့နှလုံးကို ဆွဲထုတ်ပစ်လိုက်မယ်... လာလေရော့ ''

ဟန်ဆန်းက သူ့စိတ်ထဲက စကားကို ကြားပြီး သူ,မလှုပ်ရှားခင် အရင်လှုပ်ရှားလိုက်တယ်။ 

ဟန်ဆန်းဟာ နှလုံးကို ဆွဲထုတ်မယ်ဆိုတာကို ကြိုသိတာတောင် ယာရှာရဲ့လက်သည်းကုတ်ချက်ကို လုံးဝလွှတ်အောင် မရှောင်နိုင်ခဲ့ပါဘူး။ စူပါရှိခိုးကောင်ချပ်ဝတ်တန်ဆာပေါ်မှာ ခြစ်ရာဖြူ ဖြူ သေးသေးလေးကျန်ရစ်ခဲ့ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now