1361 - 1365

198 16 0
                                    


Super God Gene (1361)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၆၁)
-------- --------- -------- ------- -------
သိုးက ပြန်မတိုက်နိုင်တဲ့ အိပ်မောကျနေတဲ့ သားရဲတွေကို မြင်တဲ့အခါ သူတို့ဆီ ပြေးသွားခဲ့တယ်။

" မသွားနဲ့ "

ဟန်ဆန်းက သိုးကို တားဆီးလိုက်ပြီး သူတို့အခြေအနေကို အနီးကပ်စစ်ဆေးဖို့ ရှေ့တိုးသွားခဲ့တယ်။

ခဏကြာတော့ သုံးပေရှည်တဲ့ ကင်းခြေများတကောင်ဟာ အိပ်ပျော်နေရာကနေ နိုးလာတယ်။ သူ့ခန္ဓာကိုယ်က ရွှေရည်စိမ်ထားသလို ဝင်းလက်တောက်ပနေတယ်။

" ရွှေနဂါး "

နဂါးမယ်က ဟန်ဆန်းကို ချက်ချင်းလှမ်းဆွဲထားလိုက်တယ်။

" သူ့ကို ခင်ဗျားသိလို့လား ''

ဟန်ဆန်းက မေးလိုက်တယ်။

နဂါးမယ်က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်တယ်။

" သူက ရွှေနဂါးလို့ လူသိများတဲ့ သန္ဓေပြောင်းသားရဲပဲ၊ သူ့ရဲ့မျိုးရိုးဗီဇအဆီအနှစ်က ရွှေအဆင့်၊ အဲဒါကြောင့် သူ့ကို အနိုင်ရဖို့က မဖြစ်နိုင်ဘူး ''

" ဒါပေမဲ့ သူက အသံကြောင့် ထိခိုက်ဒဏ်ရာရထားတာဆိုရင် သူ့ကို သတ်နိုင်လောက်တယ် ''

ဟန်ဆန်းက ပြန်ပြောလိုက်တယ်။ 

ရွှေနဂါးက သူ့ဘေးနားမှာ အိပ်ပျော်နေတဲ့ သားရဲတကောင်ရဲ့ဦးခေါင်းကို ကိုက်ဖောက်ပြီး ဦးနှောက်ရည်ကို စုပ်ယူလိုက်တယ်။ သားရဲဟာ နာကျင်တဲ့ဝေဒနာကို ခံစားနေရပေမဲ့လဲ ရွှေနဂါးကို ဘာမှမလုပ်နိုင်ခဲ့ဘူး။

ရွှေနဂါးက လွှတ်လိုက်တဲ့အခါ သားရဲရဲ့ခေါင်းမှာ အခေါင်းကြီးတခုကျန်ရစ်ခဲ့တယ်။ သားရဲဟာ လုံးဝခြောက်သွေ့သွားပြီး ဦးခေါင်းခွံဟာ သောက်ပြီးသားအုန်းသီးအလွတ်လို ကျန်ရစ်ခဲ့တယ်။ နာလန်ထခါစ သိုးဟာ ထိတ်လန့်ပြီး ဟန်ဆန်းနောက်မှာ ဝင်ပုန်းနေလိုက်တယ်။

နဂါးမယ်ဟာ ရွှေနဂါးကို မျက်မှောင်ကြုတ်ကာ ကြည့်နေတယ်။

'' အဲဒီရွှေနဂါးရဲ့မျိုးရိုးဗီဇအဆီအနှစ်က ဘာအမျိုးအစားလဲ၊ ခင်ဗျားသိလား ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now