1681 - 1685

68 5 0
                                    

Super God Gene (1681)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၆၈၁)
-------- --------- -------- ------- ------
ရေချိုးခန်းထဲမှာ ဟန်ဆန်းက သူ့ကိုယ်သူ မှန်ထဲမှာကြည့်လိုက်တယ်။ ပြီးနောက် အပေါ်ပိုင်းဗလာကျင်းနေတဲ့ ကျောပြင်ကို မှန်ထဲမှာ ကြည့်လိုက်ပါတယ်။

ကုန်ခဲ့တဲ့ည အိပ်တုန်းက ဂျီရန်လန်က သူ့ကျောမှာ အမှတ်အသားတခုရှိတယ်လို့ ပြောခဲ့တယ်။ အခု မှန်ထဲမှာ  ကြည့်တဲ့အခါ သူ့ကျောမှာ အနီရောင်တက်တူးတခုရှိနေတာကို တွေ့ရတယ်။

သူ့ကျောပေါ်က တက်တူးက ကြောင်နဲ့လဲ တူတယ်။ မြေခွေးနဲ့လဲ တူတယ်။ ဒါပေမဲ့ ကြောင်လဲ မဟုတ်ဘူး။ မြေခွေးလဲ မဟုတ်ပါဘူး။ အနီရောင်အဆင်းရှိတဲ့ အသက်ကိုးခုကြောင်ပဲ ဖြစ်ပါတယ်။

" သူက ဘာဖြစ်လို့ တက်တူးဖြစ်နေရတာလဲ၊ အသက်ကိုးခုကြောင်လည်ဆွဲကြောင့်လား ''

ဟန်ဆန်းက သူ့ကျောပေါ်က တက်တူးကို အနီးကပ်စစ်ဆေးရင်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ခဲ့တယ်။

ဟန်ဆန်းဟာ ကျောက တက်တူးကို အသေအချာ ကြည့်ခဲ့တယ်။ ဒါပေမဲ့ ထူးထူးခြားခြား ဘာမှ မတွေ့ပါဘူး။ အဲဒါဘာလဲ၊ ဘယ်လိုပေါ်လာတာလဲ၊ ဘာအဓိပ္ပါယ်လဲ၊ ခန္ဓာကိုယ်ကို ထိခိုက်မှာလား၊ စသဖြင့် ဘာတခုမှ တိတိကျကျ မပြောနိုင်ပါဘူး။ အဲဒါကြောင့် လောလောဆယ်  လျစ်လျူရှုထားလိုက်ပြီး အဝတ်အစားတွေကို ပြန်ဝတ်ကာ ရေချိုးခန်းထဲကနေ ပြန်ထွက်လာခဲ့ပါတယ်။
-------- --------- -------- ------- ------
ဧည့်ခန်းထဲရောက်တော့ ညလူရောက်နေတာကို တွေ့ရတယ်။ ဟန်ဆန်းထွက်လာတာကို မြင်တော့ ညလူက လက်ဖက်ရည်တခွက်ငှဲ့ပြီး မော့ကြည့်လိုက်တယ်။ ဟန်ဆန်းဟာ သူတပါးရဲ့နတ်ဘုရားတံခါးထဲ ဝင်ရောက်ပြီး ခန္ဓာကိုယ်ကို ဘယ်လိုပြန်လည်တည်ဆောက်ခဲ့လဲ၊ သိချင်နေပါတယ်။

ဟန်ဆန်က ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။ သူလဲ ညလူကို မေးစရာတွေရှိပါတယ်။ ဟန်ဆန်းက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး-
" ကျနော် အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ်ပိုင်မျိုးရိုးဗီဇ ချပ်ဝတ်တန်ဆာကိုတော့ မထုတ်လုပ်နိုင်ခဲ့ဘူး၊ နောက်ပြီး  မျိုးရိုးဗီဇအမှတ်တွေရဖို့ ဒီမှာက သားရဲတွေလဲ မရှိဘူး၊ အဲတော့ ကိုယ်ပိုင်မျိုးရိုးဗီဇ ချပ်ဝတ်တန်ဆာကို ဘယ်လိုထုတ်လုပ်ရမလဲ ''
လို့ မေးလိုက်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now