1731 - 1735

93 6 1
                                    

Super God Gene (1731)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၇၃၁)
-------- --------- -------- ------- ------
ချောင်းရဲ့မျက်နှာဟာ သုန်မှုန်နေတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမဟာ မြေပြင်မှာ အပ်ကျတာကအစ အကုန်သိခဲ့တယ်။ သူမ သတင်းရထားတဲ့နေရာတွေမှာ ဇီနိုဂျင်းနစ်တွေကို သွားရှာခဲ့ပေမဲ့ တကောင်မှ မတွေ့ခဲ့ဘူး။

ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာ သူမ သိပါတယ်။ ဟန်ဆန်းကို ပြန်ရောင်းဖို့ သဘောမတူခဲ့လို့ ဟာမန်းက သူ့အဆက်အသွယ်တွေကို သုံးပြီး သူမကို ဇီနိုဂျင်းနစ်နဲ့ပတ်သက်ပြီး နောက်ထပ်ဘာသတင်းမှ မရအောင် တားဆီးထားခဲ့တာ ဖြစ်ပါတယ်။ 

ရွှေမည်းအုပ်စုနဲ့နှိုင်းယှဉ်လိုက်ရင် ချောင်းရဲ့မှော်စုန်းအုပ်စုလို အဖွဲ့ငယ်လေးတွေဟာ ဘာမှ မဟုတ်ပါဘူး။ ရွှေမည်းအုပ်စုလို ကြီးမားတဲ့အဖွဲ့အစည်းတွေနဲ့ ယှဥ်လာရင်  သူမရဲ့မှော်စုန်းအုပ်စုကို ဘယ်အုပ်စုကမှ ထောက်ပံ့ကူညီမှာ မဟုတ်ပါဘူး။ ဇီနိုဂျင်းနစ်ကို မရှာနိုင်တဲ့ မစုံစမ်းနိုင်တဲ့ အမဲလိုက်အဖွဲ့ဟာ ရေရှည်မရပ်တည်နိုင်ပါဘူး။

ဒါက ဟန်ဆန်းကို မှော်စုန်းအုပ်စုက ထွက်ခွာအောင် လုပ်နေတဲ့ ဟာမန်းရဲ့နည်းဗျူဟာပါပဲ။ ချောင်းဟာ ဟာမန်းရဲ့လက်ချက်ဆိုတာကို သိပေမဲ့ ပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိခဲ့ဘူး။ ဟာမန်းမှာ ချောင်းရဲ့လမ်းကြောင်းတိုင်းကို ပိတ်ဆို့ဖို့ ပိုက်ဆံအလုံအလောက်ရှိပုံရပါတယ်။ ချောင်းကို အငြိုးအတေးထားကာ ကိုယ်ပိုင်ပိုက်ဆံတွေကိုတောင် အသုံးပြုနေတဲ့ ပုံပါပဲ။

သို့တိုင် ချောင်းက ဟာမန်းဆီ မှာ အညံ့မခံခဲ့ဘူး။ ဒူးမထောက်ခဲ့ပါဘူး။ အခုအခြေအနေရောက်မှ သူ့ဆီသွားမယ်ဆိုရင် သူမကို အားလုံးက ဝိုင်းပြီး လှောင်ပြောင်ကြလိမ့်မယ်။

ချောင်းဟာ ဟာမန်းရဲ့ပိတ်ဆို့မှုတွေကို အောင်မြင်အောင် ကျော်လွှားမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။

" ကိတ်ဂြိုဟ်မှာ ဇီနိုဂျင်းနစ်တွေက အရမ်းနည်းလွန်းတာလား "

ဟန်ဆန်းက ချောင်းကို စားနေရင်းကနေ မေးလိုက်တယ်။

ချောင်းက ခဏကြာ စဥ်းစားနေပြီးမှ ပြန်ဖြေခဲ့တယ်။ 

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now