1336 - 1340

205 20 0
                                    


Super God Gene (1336)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၃၃၆)
-------- --------- -------- ------- -------
မသေမျိုးဧကရာဇ်ဟာ ဝိညာဉ်တွေပြောပြထားလို့ ဟန်ဆန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အများကြီးရရှိထားပါတယ်။ သူဟာ သူ့ရဲ့မသေနိုင်တဲ့ခန္ဓာကိုယ်ကြောင့် ဟန်ဆန်းကို သတ်ပေးဖို့ ဘဝတူဝိညာဉ်တွေ တောင်းဆိုတာကို ခံခဲ့ရတယ်။ ဝိညာဉ်တွေကလဲ သူ့ကို အတော်လေးအားကိုးခဲ့တယ်။ ဒါပေမဲ့ အားကိုးရကျိုး မနပ်ခဲ့ပါဘူး။ 

ဟန်ဆန်းရဲ့လက်ဝါးရိုက်ချက်က မသေမျိုးဧကရာဇ်ရဲ့ မဖျက်ဆီးနိုင်ဘူးဆိုတဲ့ ခန္ဓာကိုယ်ကို လုံးဝဖျက်ဆီးပစ်နိုင်ခဲ့တယ်။

စိန်ခေါ်ပွဲကို စောင့်ကြည့်နေကြတဲ့ လူသားပရိသတ်ဟာ မှင်တက်မိသွားကြတယ်။ ခဏကြာမှ သတိဝင်လာပြီး အောင်ပွဲခံခဲ့ကြတယ်။

အဲဒီအချိန်မှာ အထက်မိုးကောင်းကင်မှာ ရုတ်တရက် အလင်းရောင်တွေထွန်းလင်းတောက်ပသွားတယ်။

မြေပြင်ဟာ ငလျင်လှုပ်သလို လှုပ်ခါသွားတယ်။ ကောင်းကင်မှာလဲ လျှပ်စီးတွေလက်ပြီး မိုးကြိုးတွေထစ်ချုန်းသွားတယ်။ မြေအောက်ပေါက်ကွဲမှုကြောင့် တချို့နေရာတွေမှာ အက်ကြောင်းတွေဖြစ်ပေါ်သွားတယ်။ အဲဒါက ကြည့်ရှုသူတွေကို ထိတ်လန့်စေခဲ့တယ်။

ဟန်ဆန်းရှိတဲ့နေရာကလွဲလို့  ကုန်းမြေတခုလုံး လုံးလုံးပျက်စီးသွားတယ်။ တောင်တွေပြိုတယ်။ နောက်ဆုံးမှာ ကောင်းကင်တောင်ကြီးတခုပဲ အကောင်းအတိုင်းကျန်ရစ်ခဲ့တယ်။

အဲဒါကို မြင်တွေ့လိုက်ရတဲ့ လူသားတွေဟာ အလွန်ထိတ်လန့်သွားကြတယ်။ ဘာဖြစ်တာလဲဆိုတာကို မသိပေမဲ့ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားတာကြောင့် သူတို့ဟာ စိတ်သက်သာရာရသွားကြတယ်။ အသက်ချမ်းသာရပြီလို့လဲ ခံစားလိုက်ရတယ်။ 

" ဟေ့... ကောင်းကင်တောင်ရဲ့ အနက်ရောင်နံရံမှာ စာတွေရေးထားတယ် ''

လူတယောက်က အော်ဟစ်ပြောဆိုခဲ့တယ်။

လူတွေက လှမ်းကြည့်ပြီး ဖတ်လိုက်ကြတယ်။
--- ----- ---- --- ---- ---- ---
ငါတို့ သုံးရက်အတွင်း တိုက်ခိုက်ကြမယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now