1126 - 1130

203 21 0
                                    


Super God Gene (1126)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၁၂၆)
-------- --------- -------- ------- -------
ပိုးကောင်သုံးကောင်ပျောက်ကွယ်သွားတာကို တွေ့လိုက်ရလို့ ဟန်ဆန်းဟာ မျက်လုံးတွေပြူ းကျယ်သွားခဲ့တယ်။

သားရဲတကောင်ကောင် ဒါမှမဟုတ် ထင်မှတ်မထားတဲ့ လှုပ်ရှားမှုတစုံတရာကို အရိပ်အယောင်တောင်မှ မမြင်လိုက်ရဘဲ ပိုးကောင်သုံးကောင်ဟာ သူ့မျက်စိအောက်ကနေ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။

ကျန်ပိုးကောင်နှစ်ကောင်က လစ်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ သဲတွေက သူတို့ကို ဆွဲစုပ်ယူသွားခဲ့ပါတယ်။

" အဲ့ဒါဘာလဲ "

ဟန်ဆန်းက သူတို့ပျောက်ကွယ်သွားတဲ့ နေရာတဝိုက်ကို တုံရွမ်အော်ရာနဲ့ အာရုံခံကြည့်ရင်း သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်တယ်။ 

သူဟာ ဘာတခုမှ အာရုံခံလို့ မရခဲ့ဘူး။ ဘာဆိုဘာမှလဲ မမြင်ရဘူး။ နောက်ထပ်ပိုးကောင်ငါးကောင်ဟာ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။

“ ဒီနေရာမှာ အက်ကွဲကြောင်းတွေ ရှိနေတာလား၊ သူတို့က တခြားဒိုင်မင်းရှင်းထဲကို ပြုတ်ကျသွားတာလား၊ ဒါမှမဟုတ် တည်နေရာပြောင်းရွှေ့ခံလိုက်ရတာလား ''

ဟန်ဆန်းက ဖြစ်နိုင်ခြေတွေကို တွေးရင်း နည်းနည်းထိတ်လန့်သွားတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ချိုင့်ဝှမ်းထဲကို ကိုယ်တိုင်မဆင်းမိတဲ့အတွက် ဟန်ဆန်းဟာ ဝမ်းသာမိသလို ကိုယ့်ကိုယ်ကိုယ်လဲ ကျေးဇူးတင်မိပါတယ်။

ဟန်ဆန်းဟာ နောက်ထပ်စမ်းကြည့်ချင်သေးတာကြောင့် ပိုးကောင်တွေကို ထပ်ဖမ်းဖို့ အဝေးကို ထွက်သွားခဲ့တယ်။  အနည်းငယ်ဖမ်းမိတဲ့အခါ ပြန်လာပြီး အောက်က သဲတွေဆီကို လွှင့်ပစ်လိုက်ပြန်တယ်။

ဒါပေမဲ့ ရလဒ်တွေက အတူတူလိုပါပဲ။ အခုတကြိမ်မှာ ဟန်ဆန်းက ပိုးကောင်တွေကို နေရာအနှံ့ ဖြန့်ချလိုက်တယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ သဲတွေနဲ့ ထိမိတာနဲ့ ထုံးစံအတိုင်း ပျောက်ကွယ်သွားပါတယ်။ ချိုင့်ဝှမ်းရဲ့ ထောင့်ကျကျနေရာတွေကို ပစ်ချရင်လဲ ပျောက်ကွယ်သွားပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now