1686 - 1690

64 5 0
                                    

Super God Gene (1686)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ------
အခန်း (၁၆၈၆)
-------- --------- -------- ------- ------
" ငါတို့တော့ အဝိုင်းခံထားရပြီ "

ဟန်ဆန်း တွေးလိုက်မိတယ်။

သူတို့ပတ်ပတ်လည်မှာ သူတို့ကို ကြည့်နေတဲ့ ကြောက်စရာကောင်းတဲ့ မျက်လုံးတွေရှိတယ်။ မျက်လုံးတွေရဲ့သခင်တွေကတော့ ချပ်ဝတ်တန်ဆာတွေဝတ်ထားတဲ့ သားရဲလေးကောင်ဖြစ်တယ်။ ဒါမှမဟုတ် အသက်ရှိတယ်လို့ ယူဆရတဲ့ ချပ်ဝတ်တန်ဆာတွေက သူတို့နှစ်ယောက်ကို ဒေါသတကြီး ကြည့်နေတာလဲ ဖြစ်နိုင်တယ်။

ဟန်ဆန်းဟာ ချပ်ဝတ်တန်ဆာတွေနဲ့ တောက်ပတဲ့မျက်လုံးတွေကိုပဲ မြင်ရတယ်။ ချပ်ဝတ်တန်ဆာတွေဟာ သံနဲ့ လုပ်ထားပုံရပြီး သံချေးတွေတက်နေတယ်။ တကောင်စီမှာ ဓားတလက်စီရှိပြီး သူတို့ကိုင်ထားတဲ့ဓားတွေဟာ သုံးပေလောက်စီ ရှည်ပါတယ်။ ပြီးတော့ ဗြက်လဲ အတော်ကျယ်ပါတယ်။ တဖက်သားကို အရမ်းခြိမ်းခြောက်နိုင်တဲ့ ဓားတွေပါပဲ။

ဒါပေမဲ့လဲ ဟန်ဆန်းဟာ အချိန်အကြာကြီး စဥ်းစားမနေနိုင်ပါဘူး။ တစက္ကန့်အတွင်းမှာပဲ သားရဲလေးကောင်က စတင်တို-က်ခို-က်လာပါတယ်။ သူတို့ရဲ့အမြန်နှုန်းက နတ်သွေးနှောသားရဲတွေကို မီပါတယ်။ သူတို့ကို လောလောဆယ်အခြေအနေ မှာ မယှဉ်ပြိုင်နိုင်ပါဘူး။

ဟန်ဆန်းက တုံရွမ်အော်ရာကို သုံးပြီး ဖီးနစ်လေသိုင်းနဲ့ ရှောင်လိုက်ပါတယ်။ ပြီးနောက် နောက်ကို ခုန်ဆုတ်ပြီး လှည့်ကြည့်လိုက်ပါတယ်။

သူ့ထက်မြန်တဲ့ အသက်ကိုးခုကြောင်ဟာ ပေသုံးဆယ်အကွာကို ရောက်နေပါပြီ။

အသက်ကိုးခုကြောင်က အလွန်မြန်မြန်ဆန်ဆန် ထွက်ပြေးသွားတာကြောင့် သားရဲလေးကောင်ဟာ ပိုလို့လွယ်ကူတဲ့ နီးရာပစ်မှတ်ကိုပဲ အာရုံစိုက်ခဲ့တယ်။ အဲဒါကြောင့် ဟန်ဆန်းဟာ သူတို့ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။

အဆင့်မတက်ခင်ကတော့ သားရဲလေးကောင်ဟာ သူ့ကို စိန်ခေါ်နိုင်တဲ့အဆင့်မှာ မရှိပါဘူး။ ဒါပေမဲ့ အခုက အရင်နဲ့ မတူတော့တာမို့ ဟန်ဆန်းဟာ အခြေအနေဆိုးနေပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now