1271 - 1275

173 18 0
                                    

Super God Gene (1271)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၂၇၁)
-------- --------- -------- ------- -------
အဲဒီလူက သူ့ကို တွေ့သွားပြီဖြစ်တဲ့အတွက် ပုန်းနေတာဟာ အသုံးမဝင်တော့ပါဘူး။ ဟန်ဆန်းဟာ အဲဒီလိုတွေးပြီး ချုံပုတ်ထဲကနေ ရေစက်လက်နဲ့ ထွက်လာခဲ့ပါတယ်။

" မိတ်ဆွေ၊ ခင်ဗျား ဘာအကြောင်းပြောနေတာလဲ။ ဘာအသီးလဲ "

ဟန်ဆန်းက မသိသလို ပြန်မေးလိုက်တယ်။

" မင်းက လူသားလား "

အဲဒီလူရဲ့ပုံစံက အတော်လေး အံ့အားသင့်သွားတဲ့ပုံပေါ်တယ်။  

" ကျနော်တို့က မျိုးနွယ်တူလူသားတွေပဲ မဟုတ်လား၊ ကျနော့်နာမည်က ဟန်ဆန်းပါ၊ ခင်ဗျားနာမည်က ဘာလဲ ''

ဟန်ဆန်းက အခွင့်အလမ်း ကို အမိအရဖမ်းပြီး မေးလိုက်တယ်။ ဒါက သူလိုချင်တဲ့ သတင်းအချက်အလက်တွေကို ရရှိနိုင်မဲ့ အကောင်းဆုံးအခွင့်အရေးပဲ မဟုတ်ပါလား။

" ကောင်လေး...  ငါက မင်းမိတ်ဆွေမဟုတ်ဘူး၊ ငါက လူသားတွေရဲ့ မိတ်ဆွေတယောက်လဲ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး၊ ဒါကြောင့် ငါ့မှာ အဲဒီလိုပြောဖို့ သတ္တိမရှိဘူး "

" ဒါဆို ခင်ဗျားက လူသားတယောက်မဟုတ်ဘူးလို့ ပြောချင်တာလား ''

" မင်းလို ရွံ့သွေးနဲ့ အဆင့်နိမ့်သက်ရှိတွေထဲက တယောက်အတွက်နဲ့ ငါ အမှားလုပ်လို့ မရဘူး၊ ပြီးတော့ မင်းက စကားများလွန်းတယ်၊ အစက မင်းကို အသက်ရှင်ခွင့်ပေးမယ်လို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ အခုတော့..."

အဲဒီနောက် အဲဒီလူက ချက်ချင်းပဲ ဟန်ဆန်းကို လက်သီးနဲ့ ထိုးလိုက်တယ်။

ဟန်ဆန်းက သူ့ကို တိုက်ခိုက်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ပြီးတော့ သူ့မှာ လူသားအချင်းချင်း အထင်အမြင်သေးတဲ့စိတ်ရှိမယ်လို့လဲ ထင်မထားခဲ့ဘူး။ သူက သူ့ကိုယ်သူ သာမန်လူသားတယောက်နဲ့မတူတဲ့ ထူးခြားလူသားတယောက်လို့ ထင်နေပါတယ်။ ဒါပေမဲ့ ဟန်ဆန်းကတော့ သူဟာ သူလိုငါလိုလူသားတယောက်လို့ပဲ ထင်ပါတယ်။ 

ဟန်ဆန်းဟာ ဆက်တွေးချင်သေးပေမဲ့ ဆက်တွေးနေဖို့ အချိန်မရှိပါဘူး။ သူ့မျက်နှာရှေ့ကို ရောက်လာတဲ့ လက်သီးကို တုံ့ပြန်ရပါမယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now